ပရိသတ်ကြီးရေ.. ပြီးခဲ့တဲ့(၂၀၁၉) ခုနှစ်ကတည်းက တရုတ်နိုင်ငံကနေ စတင်ဖြစ်ပွားခဲ့ပြီး တစ်ကမ္ဘာလုံးကို ခြောက်လှန့်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးဟာ အခုဆိုရင် မြန်မာနိုင်ငံမှာလည်း တွေ့ရှိနေရပြီမို့ ပြည်သူပရိသတ်တွေ တော်တော်များများကို စိုးရိမ်ထိတ်လန့်စေခဲ့ပါပြီနော်..။

ကမ္ဘာ့နိုင်ငံတွေ တော်တော်များများ ဆိုးရွားစွာ ကူးစက်ပြန့်နှံ့ခဲ့တဲ့ အဆိုပါ ရောဂါဆိုးကြီးဟာ ယခု မတ်လပိုင်းမှာတော့ မြန်မာနိုင်ငံမှာလည်း စတင်တွေ့ရှိခဲ့တာဖြစ်ကာ ပြည်သူတွေအနေနဲ့လည်း စိုးရိမ်ကြောက်ရွံ့ကာ စားသောက်ကုန်နဲ့ ဆေးဝါးတွေ ဝယ်ယူစုဆောင်းနေကြပြီး အချို့နေရာတွေမှာလည်း ဈေးနှုန်းမြင့်တတ်မှုတွေနဲ့ ဆေးဆိုင်တွေမှာ ဆေးဝါးတွေ ပြတ်သွားလောက်တဲ့အထိကို ဖြစ်ပေါ်လာခဲ့ပါတယ်နော်..။

Photo Credit
Photo Credit

အကြောက်လွန်ပြီး ကြိတ်ကြိတ်တိုးဝယ်ယူမှုတွေကြောင့် ဆေးဆိုင်တွေမှာ ဆေးဝါးအချို့ပြတ်သွားမှုတွေဖြစ်ကာ နဂိုရောဂါရှိသူတွေအနေနဲ့ ပုံမှန်သောက်နေကြဆေးတွေ ဝယ်ယူတဲ့နေရာ အခက်အခဲတွေနဲ့ ကြုံတွေ့နေကြရပါတယ်နော်..။

ဒီတစ်ခါမှာတော့ ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ မင်းသမီးချောလေး မအေးသောင်းကလည်း သူမရဲ့ ဖခင်ဖြစ်သူ သောက်နေကြဆေးတွေ ဝယ်မရလို့ စိတ်မကောင်းဖြစ်ကာ စိတ်ပူဝမ်းနည်းနေတဲ့အကြောင်းလေးတွေကို ရင်ဖွင့် ပြောပြလာပါတယ်နော်..။

Photo Credit - Anazing
Photo Credit - Aye Thaung's FB Account

"ဖေဖေကဆီးချိုသမား

သောက်နေကြဆေးတွေကုန်နေလို့

သွားဝယ်တာ၂ ရက်ရှိပြီ။

အခုဆေးဆိုင်တွေမှာလူတွေကြိတ်ကြိတ်တိုးဝယ်နေတော့ သူ့ခမျာခုထိ ဆေးမဝယ်ရရှာသေး။

ပြောချင်တာက ကိုရိုနာအတွက်ကလည်း

ဆေးမပေါ်သေးပါဘူး။ထားပါလေ အဲ့တာထက်

ဖေဖေ့လိုတကယ်မရှိမဖြစ်သောက်နေရတဲ့

ဆေးတွေဝယ်လို့မရတဲ့သူတွေ

ဘယ်နှစ်ယောက်တောင်ရှိနေပြီလဲဆိုတာ တွေးမိလို့ပါ။

ကိုယ်ချင်းစာပေးကြပါနော်.." ဆိုပြီး စိတ်မကောင်းစွာ ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ်နော်..။

ကဲ.. ပရိသတ်ကြီးရေ.. ဒီကနေ့လေးကစပြီး တစ်ယောက်နဲ့တစ်ယောက် တစ်မိသားစုနဲ့တစ်မိသားစု အချင်းချင်း စာနာနားလည်မှုလေးတွေနဲ့အတူ ဆေးဝါးနဲ့ စားသောက်ကုန်တွေကို မလိုအပ်သေးဘဲ အများကြီးဝယ်ထားတာမျိုး မလုပ်ခြင်းဖြင့် မရှိမဖြစ် တကယ်ကို လိုအပ်နေသူတွေကို ဖေးမကူညီလိုက်ရအောင်နော်..။

Photo Credit - Li John Photography
Photo Credit - Aye Thaung's FB Account

Source & Photo Credit - Aye Thaung's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။