Photo credit - Liquipedia

Region နှစ်ခုက champion teams တွေထွက်ပေါ်ခဲ့ပြီဖြစ်တဲ့ WeSave! Charity Play Dota 2 ပြိုင်ပွဲကြီး

ပြီးခဲ့တဲ့ မတ်လ 20 ရက်နေ့ကနေ စတင်ကျင်းပခဲ့တဲ့ WeSave! Charity Play Dota 2 ပြိုင်ပွဲကြီးကတော့ ဒီကနေ့ဆိုရင် ကျင်းပလာခဲ့တာ 6 ရက်မြောက်နေ့ ရှိနေပြီပဲ ဖြစ်ပါတယ်။

Covid-19 တိုက်ဖျက်ရေး ရန်ပုံငွေပွဲအနေနဲ့ ကျင်းပပြုလုပ်တဲ့ ဒီပြိုင်ပွဲ ကြီးဟာဆိုရင် region အလိုက်ပြိုင်ရတဲ့ ပြိုင်ပွဲကြီးဖြစ်ပြီး လက်ရှိအချိန်မှာဆိုရင်တော့ region နှစ်ခုက champion dota 2 team တွေဟာ ထွက်ပေါ်လာခဲ့ပီပဲ ဖြစ်ပါတယ်။

Sea Region မှာတော့ Philippines နိုင်ငံက Team Adroit က champion ဖြစ်ခဲ့ပြီး North America Region ကနေတော့ Evil Geniuses က champion ဖြစ်ခဲ့ပါတယ်။

ဒီကနေ့မှာဆိုရင်လည်း China Region နဲ့ Europe Region တို့က Grand Finals match နှစ်ပွဲယှဥ်ပြိုင်ဖို့ ရှိနေတာကြောင့် နောက်ထပ် champio team 2 team ထွက်ပေါ်လာဖို့ရှိနေပါတယ်။

China Region ကိုယ်စားပြုအနေနဲ့ grand final match ယှဥ်ပြိုင်ကစားမှာကတော့ PSG.LGD နဲ့ Vici Gaming ဖြစ်ပြီး Europe Region ကိုယ်စားပြုအနေနဲ့ grand final match ယှဥ်ပြိုင်သွားမှာကတော့ Team Liquid နဲ့ Nigma တို့ပဲဖြစ်ပါတယ်။

ဒီပွဲစဥ်နှစ်ခုလုံးဟာ Grand final match ဖြစ်တာကြောင့် bo 5 အနေနဲ့ ယှဥ်ပြိုင်ကစားသွားမှာ ဖြစ်ပြီး ဘယ် team က champion ဖြစ်မလဲဆိုတာကိုတော့ စောင့်ကြည့်သွားရမှာပါပဲ။

Source- Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။