ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာပေါ်မှ ထူးထူးဆန်းဆန်း လမ်းများထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Ebenezer Place Scotland" ပရအီဘန်နီဇာ လမ်းအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သား သိရှိရအောင် ရေးသားဖော်ပြပေးသွားမှာပါ။ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ ကျွန်ုပ်တို့ Myanmarload page ကို like and follow လုပ်ထားဖို့ သတိမမေ့ပါနဲ့ဦးနော်။

photo credit pngtree

စကော့တလန်နိုင်ငံမှာရှိတဲ့ အီဘန်နီဇာလမ်းဟာ ၂ ဒသမ ၀၆ မီတာ( ၆ ဒသမ ၈ ပေ)သာ ရှည်လျားသဖြင့် ကမ္ဘာပေါ်တွင် အတိုတောင်းဆုံးလမ်းအဖြစ် ထင်ရှားတာ ဖြစ်ပါတယ်။ ထိုလမ်းမကြီးပေါ်မှာ အိမ်တစ်လုံးသာရှိပြီး အမှတ်(၁)၊ အီဘန်နီဇာနေရာလို့ အမည်တွင်တဲ့ အဲ့အိမ်ကြီးကို ၁၈၈၃ ခုနှစ်တွင် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

photo credit pngtree

ထိုအိမ်ကြီးဟာ "Mackays" ဟိုတယ်ဖြစ်ကာ ပိုင်ရှင်ဖြစ်သူကို ဟိုတယ်ရဲ့ အတိုဆုံးဘက် အခြမ်းတွင် လမ်းအမည်ကို ရေးသားစေခဲ့ပါတယ်။ ကမ္ဘာ့အတိုလမ်း လမ်းပေါ်ရှိ ဟိုတယ်ကို ၁၈၈၇ ခုနှစ်တွင် တရားဝင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ နောင်လည်း စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာမလို့ ဆက်လက်စောင့်မျှော်အားပေးကြပါဦးနော်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။