Covid 19 စောင့်ကြပ် ကြည့်ရှု့ခံမည့် သူများကို MFF ရဲ့ အမျိုးသား ဘောလုံးအကယ်ဒမီမှာ စတင်ထားရှိနေပြီဖြစ်ပါတယ်။ ဗိုင်းရပ်စ် မပြန့်ပွားရေး ကာကွယ်နိုင်ရေးအတွက် အကယ်ဒမီကျောင်းနဲ့ ပတ်ဝန်းကျင်တွေကို ပုံပါအတိုင်း နေ့စဉ်ပိုးသတ်ဆေးများ ဖြန်းပတ်လျက်ရှိပါတယ်။

Photo Credit - Myanmar Football Federation Facebook page
Photo Credit - Myanmar Football Federation Facebook page

ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနဲ့အတူ ပူးပေါင်းပါဝင် လုပ်ဆောင်နေရာမှာ ထားရှိမယ့်နေရာ ထပ်မံလိုအပ်လာခြင်း အတွက် မြန်မာ့လက်ရွေးစင် ကစားသမားတွေရဲ့ အဆောင်တွေကိုပါ အဆင်သင့် အသုံးပြု‌နိုင်အောင် ပြင်ဆင်နေပါတယ်။ ပြည်ပပြန် နိုင်ငံသား စောင့်ကြပ်ကြည့်ရှုခံမည့်သူများ အဆင်ပြေစေဖို့ စေတနာအပြည့်နဲ့ ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။

Photo Credit - Myanmar Football Federation Facebook page
Photo Credit - Myanmar Football Federation Facebook page

သက်သောင့်သက်သာ နေနိုင်ဖို့ အချိန်မှန် စားသောက်နိုင်ဖို့ တကိုယ်ရည် သန့်ရှင်းဖို့ကအစ အတတ်နိုင်ဆုံး မြန်မာဘောလုံးအဖွဲ့ချုပ်အနေဖြင့် ကြိုးပမ်းဖြည့်ဆည်းပေးနေပါတယ်။COVID - 19 ရောဂါ နှင့် ပတ်သက်ပြီး ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနကနေ နေ့စဉ် သတင်းထုတ်ပြန်ကြေညာသွားမှာလည်းဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ယခုအချိန်မှာ ကျန်းမားရေး ကိုအထူးဂရုစိုက်ဖို့လို့အပ်ပါတယ်နော်...။ရောဂါဘယ ကင်းဝေးပြီး အားလုံးပဲ ကျန်းမာကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် ။

Photo Credit - Myanmar Football Federation Facebook page

Source - Myanmar Football Federation Facebook page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။