ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာရရှိထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်ဆယ်လီတွေရဲ့ ရင်သွေးလေးတွေထဲမှာ သရုပ်ဆောင်လင်းဇာနည်ဇော်ရဲ့ ချစ်စရာသမီးလေး မြူလင်းကိုကိုကတော့ ပရိသတ်တွေရဲ့ အသည်းကျော်လေးပါပဲ..။

နိုင်ငံခြားသူလေးတစ်ယောက်လို ချစ်စရာကောင်းလွန်းလို့ အားလုံးက ချစ်ခင်နေကြပြီး ယောကျ်ားလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အချစ်တွေကို အများဆုံးရရှိထားတဲ့ မြူလင်းကိုကိုကတော့ အနုပညာကိုလည်း ဝါသနာပါသူလေးလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Lin Zarni Zaw's FB Account
Photo Credit - Lin Zarni Zaw's FB Account

ပရိသတ်အချစ်တော်လေး မြူလင်းကိုကိုကတော့ ဒီကနေ့လေးမှာတော့ အစားများသွားလို့ နေမကောင်းဖြစ်ကာ ဆေးကုသမှုခံယူကာ အနားယူနေရပြီး မေမေလင်းဇာနည်ဇော်ကတော့ သမီးလေးကို ပြုစုရင်းအနားမှာ ကြိုက်သလို မွှေနေရလို့ သဘောကျနေပါတယ်နော်..။

အစားများသွားပြီး နေမကောင်းလို့ ဆေးသွင်းကာ အနားယူနေတဲ့ သမီးလေးရဲ့ ပုံရိပ်လေးတွေနဲ့ သမီးလေးအနားမှာ ကြိုက်သလိုမွှေနေရလို့ စိတ်ကျေနပ်နေတဲ့ သူမတို့ သားအမိနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေနဲ့အတူ ပရိသတ်တွေကို ပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - Lin Zarni Zaw's FB Account
Photo Credit - Lin Zarni Zaw's FB Account
Photo Credit - Lin Zarni Zaw's FB Account

"အစားများသွားတဲ့ကြွက်မ..

သနားပင်မဲ့..အနားမှာနေပြီး..

ကြိုက်သလိုမွှေ့လို့ရပီ.."ဆိုပြီး လင်းဇာနည်ဇော်က ပြောပြထားတာပဲ ဖြစ်ပါတယ်နော်..။

ကဲ.. ချစ်ရတဲ့ ပရိသတ်ကြီးရေ.. အခုလိုအခြေအနေမှာ အစားများပြီးနေမကောင်းဖြစ်နေတဲ့ မြူလေးကိုကိုအတွက် ပရိသတ်တွေကလည်း အားပေးစကားလေးတွေနဲ့ အားပေးရင်း သားအမိနှစ်ယောက်ရဲ့ ချစ်စရာပုံရိပ်လေးတွေကို သဘောကျနေကြမှာပါနော်..။

Photo Credit - Lin Zarni Zaw's FB Account
Photo Credit - Lin Zarni Zaw's FB Account

Source & Photo Credit - Lin Zarni Zaw's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။