ပရိသတ်ကြီးရေ.. မော်လ်ဒယ်သရုပ်ဆောင် မင်းသားချောထွန်းထွန်းကတော့ သရုပ်ဆောင်ကောင်းတဲ့အပြင် ပရဟိတလုပ်ငန်းတွေမှာလည်း ပရိသတ်တွေအပြင် အနုပညာရှင်တွေကပါ ချီးကျူးရနေကြတဲ့ ပရဟိတလူငယ်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်နော်..။

အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ နေရာတစ်ခုအထိ ရပ်တည်အောင်မြင်နေတဲ့ ထွန်းကိုကိုဟာ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ အသင်းသားတစ်ဦးဖြစ်သလို သီးသန့်မီးသတ်တပ်ဖွဲ့ဝင်တစ်ယောက်လည်းဖြစ်ပြီး လိုအပ်တဲ့နေရာတွေကိုလည်း တက်နိုင်သလောက် ကူညီလှူဒါန်းနေသူလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Yanpaing Tunko's FB Account
Photo Credit - Yanpaing Tunko's FB Account
Photo Credit - Yanpaing Tunko's FB Account

အခုတစ်ခါမှာလည်း ကမ္ဘာနဲ့တစ်ဝှမ်းဖြစ်ပေါ်ဖြန့်နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ မြန်မာပြည်ပရိသတ်တွေလည်း ကူးစက်နေပြီး ကူစက်ခံရသူတွေနဲ့ သံသယလူနာများ၊ စောင့်ကြည့်လူနာများကို ပြုစုစောင့်ရှောက်ကုသပေးနေတဲ့ ဆရာဝန်၊ သူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် နေ့လည်စာအာဟာရတွေ လှူဒါန်းခဲ့ပြန်ပါတယ်..။

ဒီကနေ့မနက်ပိုင်းကပဲ ဝေဘာဂီဆေးရုံးကြီးကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ ဆရာဝတ်၊ သူနာပြုနဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက်ျ နေ့လည်စာအဖြစ် Pizza ကြက်ကြော်၊ အအေးဘူး အယောက် (၁၂၀)စာနဲ့ ကွေကာထုပ်ကြီး (၂၇၀) ဂုဏ်ပြုလှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။

Photo Credit - Yanpaing Tunko's FB Account
Photo Credit - Yanpaing Tunko's FB Account
Photo Credit - Yanpaing Tunko's FB Account

မိမိအသက် သွေး ချွေး ကို ပဓာနမထားပဲ စေတနာအားနဲ့ ရှေ့တန်းကနေ မားမားမတ်မတ်ရပ်တည်ပြီး ခုခံကာကွယ်ပေးနေတဲ့သူရဲကောင်းတွေလို့တောင် တင်စားထားရပြီး ကမ္ဘာ့ကပ်ရောဂါကြီးကို ကျရာနေရာက တွန်းလှန်ခုခံနေကြတဲ့ မြန်မာ့ အဖြူ ရောင်သူရဲကောင်းများအတွက် အခုလိုသွားရောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်နော်..။

သူ့ရဲ့ပရဟိတတိုင်းမှာ အမြဲလို ပံ့ပိုးကူညီပေးတဲ့ Pizzamaru နဲ့ Calsome ကွေကာ ကိုလည်း ကျေးဇူးတင်စကားလေး ဆိုထားသလို

နာရေးကူညီမှုအသင်း ရန်ကုန်မှလည်း လိုအပ်သောစက်ပစ္စည်းများ

အထောက်ကူပြုပစ္စည်းများ လှူဒါန်းခဲ့တဲ့အကြောင်းကိုလည်း ထွန်းကိုကိုက ပြောပြထားပါတယ်နော်..။

Photo Credit - Yanpaing Tunko's FB Account
Photo Credit - Yanpaing Tunko's FB Account
Photo Credit - Yanpaing Tunko's FB Account

Source & Photo Credit - Yanpaing Tunko's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။