ပရိသတ်ကြီးရေ မြန်မာ့ဂုဏ်ကစားသမားတစ်ယောက်ဖြစ်တဲ့ ကြက်တောင်မယ် သက်ထားသူဇာ ကတော့ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေ ရယူပေးခဲ့ပြီး မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ လတ်တလောမှာ ကူးဆက်ပြန့်ပွားနေတဲ့ COVID-19 ရောဂါနဲ့ ပတ်သက်ပြီး သက်ထားသူဇာက "တစ်ကမ္ဘာလုံးမှာ ပြန့်ပွားကူးစက်နေတဲ့ COVID-19 ဟာ အခုမြန်မာပြည်မှာလည်း ရောက်ရှိကူးဆက်နေပါပြီ။ ဒါပေမယ့် အကြောက်လွန် အစိုးရိမ်လွန်လို့မဖြစ်ပါဘူးနော်။ ဒီအချိန်ဟာ အချင်းချင်း စည်းလုံး ဖေးကူကြရမယ့် အချိန်ဖြစ်ပါတယ်။

Photo Credit - That Htar ThuZar

ကျန်းမာရေးကောင်းအောင် အိပ်ရေးဝဝ အိပ်စက်ပါ။ ကိုယ်ခံအားကောင်းအောင် စားသောက်နေထိုင်ပါ။ လက်ဆေးပါ။ အပြင်ကပြန်လာတိုင်း ဝတ်ထားတဲ့အဝတ်အစားတွေကို ချက်ချင်းလျှော်ဖွပ်တာမျိုး လုပ်သင့်ပါတယ်။တတ်နိုင်သလောက်အပြင်မထွက်ဘဲ အိမ်မှာပဲနေပါနော်။ မလိုတဲ့လူတွေ အိမ်ပြင်မထွက်ခြင်းအားဖြင့် မဖြစ်မနေ အပြင်သွားနေရတဲ့ လူတွေအတွက် ဝန်ထုပ်ဝန်ပိုးလျော့စေပါတယ်။ အပြင်တွေသွားရင်လည်း တတ်နိုင်သလောက် လူချဲနေခြင်း (Social Distancing)ကို လုပ်ဆောင်ပါ။

Photo Credit - That Htar ThuZar

အလန့်တကြားနဲ့ စားသောက်ကုန်တွေ ဝယ်ယူသိုလှောင်တာမျိုးလုပ်ရင် ဈေးတွေပိုတက်လာပြီး မဝယ်နိုင်သူတွေကို ဒုက္ခဖြစ်စေတာမို့ ပုံမှန် စားလောက်ရုံ တစ်နေ့တစ်ခါ ဈေးမသွားရရုံလောက်ပဲ ဝယ်ကြရအောင်ပါ။ကိုယ့်မှာ နေထိုင်မကောင်းဖြစ်ရင်၊ ပိုးကူးဆက်နေပြီလို့ သံသယဖြစ်ရင်၊ ဒါမှမဟုတ် ပိုးကူးစက်နေသူနဲ့ လတ်တလောမှာ တွေ့ဆုံထားတယ်ဆိုရင် ကျန်းမာရေးဌာနတွေဆီ သတင်းပို့ပြီး စစ်ဆေးခံပါ။ လူငယ်တွေမှာ ကိုယ်ခံအားကောင်းလို့ နေမကောင်းမဖြစ်ဘူးဆိုရင်တောင် မိမိအနားမှာရှိတဲ့ အသက်ကြီးသူတွေ ကလေးငယ်တွေကို ကိုယ်ကတဆင့် ပိုးဖြန့်ပေးသလို မဖြစ်ပါစေနဲ့လို့ အကြံပြုပါတယ်။သက်ထားချစ်တဲ့ ပရိတ်သတ်အားလုံး ကျန်းမာဘေးကင်းကြပါစေလို့ ဆုတောင်းပေးနေပါတယ်.." ဆိုပြီး ရေးသားထားပါတယ် ။

Photo Credit - That Htar ThuZar

Photo Credit - That Htar ThuZar

Source - That Htar Thuzar Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။