မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ ပန်းနုသွေးဆိုတဲ့ဇာတ်လမ်းတွဲလေးကတည်းကပင် ပရိသတ်များစွာရဲ့အားပေးမှုကို အခိုင်အမာရရှိခဲ့တာ ဖြစ်ပါတယ် ။ သရုပ်ဆောင်တော်တဲ့ သူမက အချိန်ခဏလေးအတွင်းမှာတင် ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးလာရတာ ဖြစ်ပါတယ် ။ အခုဆိုရင်တော့ မေမြင့်မိုရ်က ခေါင်းဆောင်မင်းသမီးအဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရပြီလည်း ဖြစ်ပါတယ် ။

Photo Credit- May Myint Mo's FB Acc
Photo Credit- May Myint Mo's FB Acc
Photo Credit- May Myint Mo's FB Acc

လတ်တလောမှာဆိုရင် မေမြင့်မိုရ်ပါဝင်တဲ့ ဇာတ်လမ်းတွဲကြီးက MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေတာ ဖြစ်ပါတယ်။ (၇၅)နှစ်ပြည့် စိန်ရတုတပ်မတော်နေ့ကို ဂုဏ်ပြုရိုက်ကူးထားတဲ့ "တစစ်တမက် ကိုယ်နှင့်သက်ကို" ဇာတ်လမ်းတွဲမှာ မေမြင့်မိုရ်က အောင်ရေချမ်း၊ ကျော်ဆုတို့နဲ့အတူ တွဲဖက်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ် ။ အခုလည်း မေမြင့်မိုရ်က ရိုက်ကွင်းပေါ်က အမှတ်တရလေးတွေကို မျှဝေပေးထားပါတယ်။

Photo Credit- May Myint Mo's FB Acc
Photo Credit- May Myint Mo's FB Acc
Photo Credit- May Myint Mo's FB Acc

မေမြင့်မိုရ်က "ကောင်းကင်မှာကြယ်ရှိတာမှန်ပေမယ့် အမြဲတမ်းတော့ သတိမရဘူးပေါ့ ဒါပေမယ့် ကြယ်ရှိမှန်းတော့သိနေတယ်..တစစ်တမက်ကိုယ်နှင့်သက်ကို #LegendsOfWarriors"ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် သက်လွင် ၊ရဲဝင်းနဲ့ ရည်မွန်အဖြစ် သရုပ်ဆောင်ထားတဲ့ မေမြင့်မိုရ်တို့သုံးယောက်ရဲ့အမှတ်တရပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit- May Myint Mo's FB Acc

Photo Credit- May Myint Mo's FB Acc
Photo Credit- May Myint Mo's FB Acc
Photo Credit- May Myint Mo's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။