အဆိုတော်ပိုပိုကတော့ အနုပညာလောကမှာ နေရာတစ်ခုရယူထားနိုင်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အပြည့်အဝရရှိထားသူဖြစ်ကာ အောင်မြင်နေတဲ့ ထိပ်တန်းအဆိုတော်တွေထဲမှာ တစ်ယောက်အပါအဝင်ပဲ ဖြစ်ပါတယ် ။ ဆယ်စုနှစ်တစ်ခုအကြာအနုပညာလောကမှာ ရပ်တည်ထားနိုင်တဲ့ သူမရဲ့ သီချင်းလေးတွေဟာ ဆယ်ကျော်သက်လူငယ်တွေကြားမှာ အတော်လေးကိုရေပန်းစားလျက်ရှိနေတာပဲ ဖြစ်ပါတယ်။ 

photo credit: ဝတ်ရည်မိုး' s facebook account
photo credit: ဝတ်ရည်မိုး' s facebook account

ချစ်စရာ​ကောင်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားပြီး လွတ်လပ်စွာပြောဆိုနေထိုင်တာကြောင့် ပရိသတ်တွေ အချစ်ပိုရတဲ့ သူမကတော့ အမိုက်စားပုံရိပ်လေးတွေကို လူမှုကွန်ယက်ထက် တင်ပေးလေ့ရှိပါတယ်။ သူမကတော့ ယခုမှာ အသည်းယားစရာကာင်းလွန်းတဲ့ အပြုံးလေးတွေနဲ့ လှပနေတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်ထက် တင်ပေးလာခဲ့ပါတယ်။ 

photo credit: ဝတ်ရည်မိုး' s facebook account
photo credit: ဝတ်ရည်မိုး' s facebook account

သူမကတော့ " အပြင်လဲ မထွက် ကမ်းခြေလဲ မသွားနိုင်တော့ဒီလိုပဲ Roof top မှာ ပဲ ရေစိမ်လိုက်တယ် လေ မောင်လေးလဲ အပြင်တွေ လျှောက်မသွားနဲ့ ဒါပေမဲ့ မ ရင်ခွင်ထဲ လာနေချင်လာနေလေ မ ရင်ခွင်က Covid 19 ကာကွယ်ပေးတယ် StayAtHomeforYourFamily "ဆိုပြီး ချစ်စရာကောင်းတဲ့ ပုံရိပ်လေးနဲ့အတူ ရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုတော်ပိုပိုရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

source: ဝတ်ရည်မိုး' s facebook account

photo credit: ဝတ်ရည်မိုး' s facebook account
photo credit: ဝတ်ရည်မိုး' s facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။