ပရိသတ်တွေအမြဲ ချစ်ခင်အားပေးနေရတဲ့ မင်းသမီးချောလေးကတော့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ပဲ ဖြစ်ပါတယ်။ သူမဟာ ကာရိုက်တာမျိုးစုံကို တစ်ကားနဲ့တစ်ကားမထပ်ရအောင် ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့ အနုပညာကို တန်ဖိုးထားချစ်ခင်တဲ့ စိတ်လေးကြောင့် အနုပညာရှင်အချင်းချင်းကပါ အားကျအတုယူနေရတာပါ။ 

Photo Credit- Eaindra Kyaw Zin’s Facebook Page
Photo Credit- Eaindra Kyaw Zin’s Facebook Page
Photo Credit- Eaindra Kyaw Zin’s Facebook Page

အူဝဲဟာ အကယ်ဒမီထူးချွန်ဆုတွေကိုလည်း ရရှိပိုင်ဆိုင်ထားတဲ့ ဝါရင့် မင်းသမီးလေးတစ်လက်လည်း ဖြစ်ပါတယ်။ သူမရဲ့ အနုပညာတိုင်းကိုလည်း ပရိသတ်တွေက ချစ်ခင်အားပေးနေကြတာပဲ ဖြစ်ပါတယ်။ သူမဟာ လတ်တလောမှာ ဖြစ်ပွားနေတဲ့ Corona Virus ရောဂါပိုးကြောင့် မိသားစုနဲ့အတူ အိမ်မှာဘဲ အနားယူအပန်းဖြေနေတာပဲ ဖြစ်ပါတယ်။ 

Photo Credit- Eaindra Kyaw Zin’s Facebook Page
Photo Credit- Eaindra Kyaw Zin’s Facebook Page
Photo Credit- Eaindra Kyaw Zin’s Facebook Page

မကြာသေးခင်ကလည်း သူမရဲ့ Facebook Story တွင် ဗီဒီယိုလေးနဲ့ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ သုသုနဲ့ဖိုးဓီလေးနဲ့အတူ အိမ်ကရေကူးကန်တွင် ရေအတူကူးနေကြတဲ့ အူဝဲရဲ့ Video လေးပဲ ဖြစ်ပါတယ်။ အိမ်မှာနားတုန်းလေး သားနဲ့သမီးကို အချိန်အပြည့်အဝပေးနေတာဟာလည်း မြင်ရသူတိုင်းကို ကြည်နူးစေတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Credit - Eaindra Kyaw Zin’s Facebook Story 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။