လတ်တလောပြန့်ပွားကူးဆက်နေတဲ့ COVID-19 ရောဂါနဲ့ ပတ်သက်ပြီး ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနကနေ နေ့စဉ်အမျှ ပြည်သူများကို သတင်းထုတ်ပြန် ကြေညာပေးနေပြီး COVID - 19 ရောဂါ စောင်ကြပ် ကြည့်ရှုခံမည့်သူများကိုလည်း သတ်မှတ်ထားတဲ့ နေရာအသီးသီးမှာ ချထားပေးခဲ့ပါတယ်။Covid19 ဗိုင်းရပ်စ် စောင့်ကြပ် ကြည့်ရှုခံမည့်သူများ အတွက် မြန်မာ့လက်ရွေးစင် အသင်း အဆောင်တွေမှာ ပြင်ဆင်ဖြည့်ဆည်း ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌကိုယ်တိုင် ကြီးကြပ်ဆောင်ရွက်လျက်ရှိပါတယ်။

Photo Credit - Myanmar Football Federation Facebook page
Photo Credit - Myanmar Football Federation Facebook page

အမျိုးသား ဘောလုံးအကယ်ဒမီ နဲ့ AYA Bank သင်တန်းကျောင်းမှာတော့ စောင့်ကြပ် ကြည့်ရှု့ခံမည့်သူများ စတင်နေထိုင်ပြီး စောင့်ကြည့်မှုခံယူနေကြပါပြီ။ ဧရာဝတီ ဖောင်ဒေးရှင်းအနေနဲ့လည်း စောင့်ကြပ်ကြည့်ရှု့ခံမည့်သူများအတွက် စား‌သောက်မှုများ စီမံဆောင်ရွက်ပေးလျက်ရှိပါတယ်။ လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းများကိုလည်း စနစ်တကျကူညီပံ့ပိုးပေးထား တာကိုလည်းမြင်တွေ့ရပါတယ်။

Photo Credit - Myanmar Football Federation Facebook page
Photo Credit - Myanmar Football Federation Facebook page

အသုံးအဆောင်ပစ္စည်းများကိုလည်း အဆင်ပြေစွာ အသုံးပြုနိုင်ဖို့ စီစဉ်ထားသလို သန့်ရှင်းရေးနှင့် လုံခြုံမှုရှိစေရေး တို့ကိုပါ ‌စနစ်တကျ ဆောင်ရွက်လျက်ရှိပါတယ်။ ယခုလို နိုင်ငံ နှင့် ပြည်သူလူတုများကို စိတ်စေတနာပြည့်ဝပြီး ကိုယ်တိုင်ကိုယ်ကျ သွားရောက်စီမံဆောင်ရွက်ပေနေတဲ့ မြန်မာဘောလုံးအချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် ကို ပရိသတ်ကြီးက ကျေးဇူးတင်စကား ပြောကြားပေးလိုက်ပါဦး။

Photo Credit - Myanmar Football Federation Facebook page

Source - Myanmar Football Federation Facebook page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။