မင်းသမီးချောလေး ယွန်းယွန်းကတော့ က‌လေးဘဝအရွယ်ကတည်းက သရုပ်ဆောင်အဖြစ် အနုပညာအလုပ်တွေကို လုပ်ကိုင်လာခဲ့တာ ဖြစ်ပါတယ် ။ ငယ်ရုပ်လေးမပျောက်ဘဲ ကြီးပြင်းလာခဲ့တဲ့ ယွန်းယွန်းက အခုဆိုရင် အပျိုပေါက်လေးအရွယ်ကိုတောင် ရောက်ရှိနေပြီ ဖြစ်ပါတယ် ။ ပရိသတ်တွေရဲ့မျက်စိရှေ့မှာတင် အရွယ်ရောက်လာတဲ့ ယွန်းယွန်းကိုတော့ အားလုံးက ဝိုင်းဝန်းချစ်ခင်နေရတာ ဖြစ်ပါတယ် ။

Photo Credit-Amazing Grace
Photo Credit-Yoon Yoon's FB Page

ယွန်းယွန်းကတော့ ပညာရေးတစ်ဖက်နဲ့ အနုပညာအလုပ်တွေကို ကြိုးစားပမ်းစားလုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ ယွန်းယွန်းက ကြော်ငြာတွေ၊ ဇာတ်လမ်းတွဲတွေ ပြန်လည်လက်ခံရိုက်ကူးလာပြီပဲ ဖြစ်ပါတယ်။ မကြာခင်မှာလည်း ယွန်းယွန်းက "စိတ်ကန်း" ဆိုတဲ့ဇာတ်လမ်းတွဲလေးနဲ့ ပရိသတ်အရှေ့ကိုရောက်ရှိလာဦးမှာ ဖြစ်ပါတယ် ။

Photo Credit -Kyaw Thu Win
Photo Credit -Kyaw Thu Win
Photo Credit -Kyaw Thu Win

အခုလည်း ယွန်းယွန်းက "You locked down my heart Bae " ဆိုပြီး သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို မျှဝေပေးထားတာ ဖြစ်ပါတယ်။ ပါးချိုင့်လေးနှစ်ဖက်နဲ့ ပြုံးလိုက်တိုင်း ချစ်ဖို့ကောင်းနေတဲ့ ယွန်းယွန်းကတော့ တစ်နေ့တစ်ခြားပိုပိုပြီး လှလာတာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ယွန်းယွန်းရဲ့အလှပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Yoon Yoon's FB Acc

Photo Credit-Kyaw Thu Win 

Photo Credit -Kyaw Thu Win
Photo Credit -Kyaw Thu Win

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။