ပရိသတ်ကြီး ရန်ကုန်ယူနိက်တက်အသင်း နှင့် မြန်မာ့လက်ရွေးစင် ဂိုးသမားဖြစ်တဲ့ ကျော်ဇင်ထက် ကတော့ COVID - 19 ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်ပြီး ပြည်သူများ အတွက် အကြံပြုလာခဲ့ပါတယ်။ ဂိုးသမား ကျော်ဇင်ထက်က "Covid-19 Virus ကပ်ရောဂါဘေးကို ရပ်တန့်ဖို့ လူတိုင်း လူတိုင်း အရေးကြီးတဲ့ နေရာက ပါဝင်နေပါတယ်။

Photo Credit - Myanmar National League Facebook page

လူတိုင်းနဲ့ သက်ဆိုင်တယ်၊ မိသားစုတိုင်းနဲ့ သက်ဆိုင်တယ်။ ကိုယ့်နေရာမှာတော့ မရှိပါဘူး၊ အေးဆေးပါလို့ နေလိုက်ကြရင် မှားမယ်နော်။လမ်းညွှန်ချက်တွေအတိုင်းနေပါ၊ ပူးပေါင်းပါဝင်ပါ။ ကိုယ်ဖြစ်ချင်တာတွေ လုပ်ချင်တာတွေ၊ သွားချင်တာတွေ ခဏလေးသည်းခံနော်။ အချိန်တန်ရင် အားလုံးအေးဆေး ဖြစ်သွားမှာပါ။

Photo Credit - Myanmar National League Facebook page

ခုတော့ ခဏလေး သည်းခံပြီး ကျန်းမာရေး ဝန်ထမ်းတွေနဲ့ အပင်ပန်းခံဆောင်ရွက်နေကြသူတွေ အားလုံးကို ကူညီလိုက်ပါနော်။ ပြည်တော်ပြန် ညီအကိုမောင်နှမ အားလုံးကလည်း အမိမြေနဲ့မိသားစုအတွက် လမ်းညွှန်ချက်တွေကို လိုက်နာပြီး ကူညီပေးကြပါ။ အားလုံး ပူးပေါင်းဆောင်ရွက်မှ အားလုံးရဲ့မိသားစုတွေ ကျန်းမာပြီး ပျော်ရွှင်ကြရမှာပါ...." ဆိုပြီး ရေးသားဖော်ပြပေးလာခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook page

Source - Myanmar National League Facebook page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။