ခုဖော်ပြမဲ့ ဂိမ်းဟာဆိုရင် စုံထောက်ဝတ္ထုတွေကို ကြိုက်နှစ်သက်တဲ့သူတွေပဲဖြစ်ဖြစ် စုံစမ်းထောက်လှမ်းရတာကို ကြိုက်နှစ်သက်တဲ့ သူတွေအတွက် အဆင်ပြေမဲ့ဂိမ်းလေးဖြစ်ပါတယ်။ လူတိုင်းတော်တော်များများ Jack The Killer တို့ The Black Woman တို့ Zodiac Killer စတဲ့အမှုတွေကို သိရှိကြမယ်လို့ထင်ပါတယ်။ သို့သော်ဒီအမှုလေးကတော့ လူသတ်မှုမဟုတ်ဘဲ Crime အမှုထက် ပိုစိတ်ဝင်စားဖို့ကောင်းတဲ့ ကိစ္စပါ။  

ဇာတ်လမ်းလေးကတော့ လူတစ်ယောက်ဟာ စိတ်နှစ်ခွနဲ့ လူနှစ်မျိုးပုံစံကိုနေထိုင်နေတာပါ။ သူကိုယ်တိုင်လဲ အဲ့လိုနှစ်ခွဖြစ်နေတာကို မသိပါဘူး။ သူပြောင်းလဲနေတိုင်တဲ့ သူတွေရဲ့နာမည်ကတော့ Dr. Henry Jekyll နဲ့ Mr. Edward Hyde တို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ Dr.Jekyll ကတော့ သူဟာတခြားတစ်ယောက်ဖြစ်တဲ့ Mr.Hyde ရဲ့ပုံစံကို ပြောင်းလဲသွားတယ်ဆိုတာကို သိနေပါတယ်။ သူကိုယ်တိုင်လဲ အဲ့လိုမပြောင်းလဲအောင် ပြုလုပ်နေပေမဲ့ အဆင်မပြေပါဘူး။ ဘာဆိုဘာမှ မထူးခဲ့ပါဘူး။ 

သို့သော်တစ်ဖက်မှာလဲ Mr.Hyde က သူ့ကိုယ်သူ အဆုံးစီရင်ဖို့ ကြိုးစားနေပါတယ်။ အဲ့ဒီလိုအခိုက်အတန်တွေဖြစ်နေတဲ့ချိန်မှာ နောက်ဘာဆက်ဖြစ်မလဲဆိုတာကို ပရိသတ်ကြီးပဲ ဆော့ကစားကြည့်ပါ။ Adventure ဂိမ်းတစ်ခုဖြစ်ပြီး ဆော့ကစားရတာ လူကိုစိတ်ဝင်စားစေတာမို့ ပရိသတ်ကြီး ကစားရတာကျေနပ်နေမှာပါ။ ပြီးတော့ ဒီဇာတ်လမ်းက သာမန်လိုမဟုတ်ပဲ Horror ဆန်ပါတယ်။  

သတင်းအရင်းမြစ် DevilKnight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။