လတ်တလော ကူးစက်ပြန့်ပွားနေတဲ့ Covid-19 ရောဂါ ဟာ ကမ္ဘာ့နိုင်ငံအသီးသီး မှာ ဖြစ်ပွားနေပြီး လူဦးရေများစွာသေဆုံးနေတာကို ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။ ဒီရောဂါဆိုးကြီးကို တွန်းလှန်နိုင်တဲ့ အချက် (၅) ချက်ရှိပါတယ်။ (၁) လက်များကို ရေ ၊ ဆပ်ပြာတို့နဲ့ စနစ်တကျ စင်ကြယ်အောင် ဆေးကြောပါ။ ဆပ်ပြာနှင့် ရေ မရနိုင်ပါက အရက်ပျံပါဝင်သော လက်သန့်ဆေးရည်တို့ကို အသုံးပြုပါ ။

Photo Credit - Myanmar Football Federation Facebook page
Photo Credit - Myanmar Football Federation Facebook page

(၂) နှာစေ ၊ ချောင်းဆိုးလျှင် တစ်ရှုအသုံးပြုပြီး နှာခေါင်း နှင့် ပါးစပ်ကို လုံခြုံအောင် ဖုံအုပ်ပါ။ တစ်ရှုမရနိုင်ပါက လက်မောင်း ၊ တံတောင်ဆစ်များဖြင့် အသုံးပြုပြီးဖုံအုပ်ပါ၊ လက်ဖဝါးကို အသုံးမပြုပါနှင့် ။ (၃) သင်း ၏မျက်နှာ အစိတ်အပိုင်းများ ဖြစ်သော ပါးစပ် ၊ နှာခေါင်း ၊ မျက်လုံးတို့ကို သင်၏လက်ဖြင့်ထိတွေ့ခြင်း ရှောင်ကျဉ်ပါ။ (၄) တက်နိုင်သမျှ လူစုလူဝေးများကို ရှောင်ကျဉ်၍ မဖြစ်မနေအပြင်ထွက်ရန်လိုအပ်ပါက အခြားသူများနှင့် အနည်းဆုံး (၃') ပေ (၁ မီတာ) အကွာအဝေးတွင်နေပါ။

Photo Credit - Myanmar Football Federation Facebook page
Photo Credit - Myanmar Football Federation Facebook page

(၅) မိမိ၏ ကျန်းမာရေး အခြေနေများကို အမြဲဂရုစိုက်သင့် ပြီးကိုယ်ပူ ၊ ဖျားနာ အသက်ရှူ လမ်းကြောင်း အခက်ခဲမှု ပြသာနာများ နှင့် ကြုံတွေ့ရပါက နီးစပ်ရာ ကျန်းမာရေ ဌာနများသို့ သွားရောက်ပြသပါ။ ကဲ...ပရိသတ်ကြီးရေ Covid-19 ရောဂါ ကပ်ဆိုးကြီးမှ ကာကွယ်ရန် အတွက် အဓိကကျတဲ့ အချက် (၅) ချက် ကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Myanmar Football Federation Facebook page
Photo Credit - Myanmar Football Federation Facebook page

Source - Myanmar Football Federation Facebook page  

Photo Credit - Myanmar Football Federation Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။