ပရိသတ်ကြီးရေ အလန်းစားကကွက်ဆန်းတွေ၊အခွီvideoလေးတွေတင်ကာ စတင်နာမည်ရလာတဲ့ဖြူဖြူထွေးလေးကို သိကြမယ်ထင်ပါတယ်။

သူမဟာ ဟန်ဆောင်မှုမရှိ ရိုးသားပွင့်လင်းစွာနေထိုင်တတ်သူဖြစ်တဲ့အပြင် မိဘအပေါ်ကိုလည်းသိတတ်လိမ္မာပြီး လုပ်ကျွေးပြုစုနေသူတစ်ယောက်လည်း​​ဖြစ်ပါတယ်နော်။ သူမဟာ လတ်တလောမှာ tik tokဗီဒီယို‌လေးများ၊‌ကြော်ငြာများလည်းအဆက်မပြတ်ကြိုးစားရိုက်ကူးနေတာပါ။ 

Photo credit - Phyu Phyu Htwe's Fb account
Photo credit - Phyu Phyu Htwe's Fb account

ဒါ့ပြင်ဖြူဖြူထွေးဟာ ရရှိတဲ့အနုပညာကြေးလေးများကိုစုပြီး သူမရဲ့ ရွာမှာ အမြဲလိုလို အလှူအတန်းတွေလည်းရက်ရက်ရောရော လုပ်တတ်သူတစ်ယောက်ဖြစ်ပါတယ်။ ဖြူဖြူထွေးဟာ မကြာသေးမီကသူမရဲ့facebookစာမျက်နှာတွင် " ကျုံးဘေးမှာ မင်းနဲ့အတူ စက်ဘီးစီးချင်ပေမဲ့

နောက်မှာ ထိုင်ခုံမပါဘူး ဘိုလုပ်ရမလဲ?" ဆိုတဲ့ စာသားလေးကို စနောက်ပြီး ရေးသားထားတာပါသေးတယ်။ သူမဟာ လူငယ်စတိုင်လွတ်လပ်ပေါ့ပါးတဲ့ဖက်ရှင်လေးနဲ့ ချစ်စရာကောင်းနေတာဖြစ်ပြီး စက်ဘီလေးကို ကိုင်ပြီး ဓာတ်ဖမ်းနေတဲ့ ပုံရိပ်လေးတွေကိုလည်း တင်ပေးထါးတာပဲဖြစ်ပါတယ်။ 

Photo credit - Phyu Phyu Htwe's Fb account
Photo credit - Phyu Phyu Htwe's Fb account

သူမရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေကို ကြည့်ပြီး အချစ်ပိုမိစေမှာ အသေအချာပဲမို့ချစ်ပရိသတ်ကြီး အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ သူမရဲ့ ပုံရိပ်လေးတွေက ချစ်စရာကောင်းနေတာမို့ ချစ်ပရိသတ်တွေက ကြည့်ရှုပြီး အသည်းလေးတွေပေးခဲ့ဖို့မမေ့လိုက်ပါနဲ့အုန်းနော် ။

ဖြူဖြူထွေး ရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားမှုတွေ ကိုလည်း ချစ်ပရိသတ်ကြီး က အားပေးကြမယ်မလား ။ 

Photo credit - Phyu Phyu Htwe's Fb account
Photo credit - Phyu Phyu Htwe's Fb account

Source & Photo credit - Phyu Phyu Htwe's Fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။