သရုပ်ဆောင် မင်းသမီးချော မယ်လိုဒီကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးပြီး အနုပညာအလုပ်တွေကို တစိုက်မတ်မတ်လုပ်ကိုင်လာခဲ့တာ ဖြစ်ပါတယ် ။ သရုပ်ဆောင်ပိုင်းမှာ ဇာတ်ရုပ်မျိုးစုံကို ပိုင်ပိုင်နိုင်နိုင် သဘာဝကျကျဖန်တီးနိုင်တဲ့ မယ်လိုဒီက အရည်အချင်းရှိတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ် ။ ယနေ့အချိန်အထိလည်း မယ်လိုဒီက ကြော်ငြာတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရဆဲ ဖြစ်ပါတယ် ။

Photo Credit-LI JOHN PHOTOGRAPHY & SHAYi
Photo Credit-LI JOHN PHOTOGRAPHY & SHAYi

ကလေးတစ်ယောက်အမေဖြစ်တဲ့ မယ်လိုဒီက သားလေးကို ပြုစုစောင့်ရှောက်ရင်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ လတ်တလောမှာဆိုရင်လည်း မယ်လိုဒီတစ်ယောက် ကြော်ငြာတွေအဆက်မပြတ်ရိုက်ကူးရင်း ပရိသတ်တွေအတွက် ပုံအသစ်လေးတွေကို တင်ပေးနေတာ ဖြစ်ပါတယ် ။ အခုလည်း မယ်လိုဒီက မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိစွာလှနေတဲ့ ပုံလေးတွေကို မျှဝေထားပါတယ်။

Photo Credit-LI JOHN PHOTOGRAPHY & SHAYi
Photo Credit-LI JOHN PHOTOGRAPHY & SHAYi
Photo Credit-LI JOHN PHOTOGRAPHY & SHAYi

မယ်လိုဒီက "၇ရက်သားသမီးအားလုံး သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်စုံကြပါစေရှင်" ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ ကျစ်လစ်သွယ်လျတဲ့ Body အချိုးအစားနဲ့ မယ်လိုဒီက ဘာပဲဝတ်ဝတ်တင့်တယ်လိုက်ဖက်နေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး မယ်လိုဒီရဲ့မြန်မာဆန်ဆန် အလှပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source :Melody Myo's FB Acc

Photo Credit-LI JOHN PHOTOGRAPGY & SHAYi

Photo Credit-LI JOHN PHOTOGRAPHY & SHAYi
Photo Credit-LI JOHN PHOTOGRAPHY & SHAYi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။