ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာ့သက်တမ်း အရှည်ဆုံး ဘဏ်များထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Barclays" ဘဏ်ကြီးအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ၁၆၉၀ ပြည့်နှစ် နိုဝင်ဘာလ ၁၇ ရက်နေ့မှာ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် ထူထောင်ခဲ့သော "Barclays" ဘဏ်ကြီးဟာ ယနေ့ထိတိုင် ဘဏ်လုပ်ငန်းများဆောင်ရွက်နေတာဖြစ်ပြီး ပြည်တွင်းနှင့် ပြည်ပ ဘဏ်ခွဲပေါင်း ၄၇၅၀ ရှိပါတယ်။

photo credit pngtree

"Barclays" ဘဏ်ဟာ ကမ္ဘာ့အကြီးဆုံး နိုင်ငံစုံ ဘဏ်များအနက် တစ်ခုဖြစ်ပြီး ဆဋ္ဌမမြောက် သက်တမ်းအရှည်ဆုံး ဘဏ်တစ်ခုလည်း ဖြစ်ပါတယ်။ "Barclays" ကို ၁၆၉၀ ပြည့်နှစ်တွင် John Freame နှင့် Thomas Gould တို့က ပန်းတိမ်လုပ်ငန်း ဘဏ်တစ်ခုအဖြစ် ထူထောင်ခဲ့ပါတယ်။ ၁၇၃၆ ခုနှစ်တွင် John Freame ရဲ့ သားမက် James Barclay ဟာ ဘဏ်လုပ်ငန်းတွင် စီးပွားဖက် အစု ဝင်တစ်ဦးဖြစ်လာခဲ့ပြီးနောက် လူအများကို Barclays ဟု သိရှိလာစေခဲ့တာ ဖြစ်ပါတယ်။

photo credit pngtree

Barclays ဟာ ၁၉၀၀ ပြည့်နှစ်တွင် အင်္ဂလန်နိုင်ငံမှ ဘဏ်ငယ်များကို ရယူကာ လုပ်ငန်းများကို ချဲ့ထွင်ခဲ့ပြီး ယနေ့ထိတိုင် ဘဏ်လုပ်ငန်းများကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ Barclays ရဲ့ ကြီးမားသော အင်အားနှင့် ကမ္ဘာတစ်ဝန်း ရပ်တည်နေတာကြောင့် ငွေကြေး ခဝါချမှု၊ အခွန်ရှောင်တိမ်းမှု အစရှိတာတို့နဲ့ ပါဝင်ပတ်သက်နေကြောင်း စွပ်စွဲခံရကာ ၂၀၀၉ ခုနှစ်တွင် မကောင်း သတင်းများ ထွက်ခဲ့ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။