မြန်မာက ခြောက်ထပ်ကြီးဘုရားကိုသွားပြီး ဘုရားကိုဟာသလုပ်ရိုက်ခဲ့တဲ့ KBS ရိုက်ကူးရေးအဖွဲ့

ကိုရီးယားက KBS ရိုက်ကူးရေးအဖွဲ့ဟာ ခြောက်ထပ်ကြီးဘုရားကိုလာပြီး ဟာသရှိုးမှာပြဖို့ ရိုက်ကူးရေးလာခဲ့ပါတယ်။

သူတို့ဗီဒီယိုဖိုင်ကို ကြည့်လိုက်ရင် ဘုရားရုပ်ထုပုံစံအတိုင်း လိုက်လုပ်ပြီး လှောင်ပြောင်နေတာကို တွေ့ရမှာဘဲ ဖြစ်ပါတယ်။

ဒီလို ရီုင်းပြတဲ့ အပြုအမူကို ဟာသအနေနဲ့ ဟာသရှိုးမှာ ထုတ်လွှင့်ခဲ့ပြီးမှ ဝေဖန်သူတွေများတဲ့ အတွက် ပြန်ဖျက်ခဲ့ပါတယ်။

သူတို့ရဲ့ KBS page ကနေလည်း အောက်ပါအတိုင်းတောင်းပန်းခဲ့ပါတယ်။

မြန်မာပြည်က ကြည့်ရှုတဲ့သူတွေကို ပထမဆုံးအနေနဲ့ တောင်းပန်ချင်ပါတယ်။ ဒီ ရှိုးနဲ့ပတ်သက်ပြီး ခင်ဗျားတို့ရဲ့ ခံစားချက်ကို

နားလည်ပါတယ်။ ဒီရှိုးကဘယ်လောက်ဘဲ ရီရရ နိုင်ငံတစ်နိုင်ငံရဲ့ ယာဉ်ကျေးမှုကို မလှောင်ပြောင်သင့်တာကို နားလည်ပါတယ်။

အဆင်မပြေတဲ့ အပိုင်းအတွက် ကျွန်တော်တို့ ထပ်ပြီး တောင်းပန်ပါတယ်။ နောက်ထပ်ဒီလို မဖြစ်စေရပါဘူး။

ဒီ KBZ ဖျော်ဖြေရေး ပရိုဂရမ်ကို ကြည့်ရှုတဲ့ မြန်မာပြည်ကသူတွေကို ထပ်ပြီး တောင်းပန်တယ်လို့ ရေးထားပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် နိုင်ငံတစ်နိုင်ငံရဲ့ ကိုးကွယ်တဲ့ ဘာသာတရားကိုတော့ မစော်ကားသင့်တာ အမှန်ပါဘဲ။ KBS အနေနဲ့

နောက်ပရိုဂရမ်မှာ ဒီလိုတွေ ထပ်မဖြစ်ဖို့လည်း မျှော်လင့်ပါတယ်။

Photo Credit- Thu Yain Soe Tint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။