ပရိတ်သတ်ကြီးရေ Beauty Bloggerတစ်ယောက်အနေနဲ့ ပရိတ်သတ်အားပေးမှုကိုစတင်ရရှိလာခဲ့ပြီး ယခုဆိုရင် ဒိတ်ဒိတ်ကြဲမင်းသမီးတစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ နေခြည်ဦးကို သိကြမယ်ထင်ပါတယ်နော်။ သူမဟာ အောင်မြင်တဲ့social influencerတစ်ယောက်အနေနဲ့လည်း ရပ်တည်နေတာဖြစ်ပြီး နိုင်ငံတကာအနုပညာရှင်တွေနဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့ပြင်နေခြည်ဦးဟာ ပွင့်ပွင့်လင်းလင်းနေထိုင်တတ်သူဖြစ်တာကြောင့် ပရိတ်သတ်အများစုရဲ့ ချစ်ခင်အားပေးမှုကိုလည်း ရရှိထားတဲ့အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မှားမယ်မထင်ပါဘူးနော်။

Photo Credit-beautybynaychi's Facebook page
Photo Credit-beautybynaychi's Facebook page

နေခြည်ဦးဟာ မကြာသေးမီက သူမရဲ့Facebookစာမျက်နှာတွင် "Lock Myself Down Daythree မဖြစ်ဖြစ်အောင်တော့ ကြိုးစားနေပြီးနေနေရတယ်လမ်းသရဲခြေချုပ်မိတာဆိုတော့ တော်တော်တော့ပျင်းနေရတာပေါ့။မနက်ဖြန်ကျရင်တော့ youtube ကကြည့်ထားသမျှ Cooking‌တွေ Flavored Water လေးတွေလုပ်ကြည့်ဖို့စဉ်းစားထားတယ်" ဆိုပြီးရေးသားထားပါတယ်။

Photo Credit-beautybynaychi's Facebook page
Photo Credit-beautybynaychi's Facebook page

Covid-19ရောဂါကြောင့် ပရိတ်သတ်ကြီးအားလုံးလည်း တတ်နိုင်သမျှအပြင်မထွက်ကြပဲ ဂရုစိုက်နေကြဖို့လိုပါတယ်နော်။ ပရိတ်သတ်ကြီးအားလုံးလည်းနေခြည်ဦးပြောထားသလိုအိမ်မှာနေရင်း ဝါသနာပါတဲ့အရာလေးတွေစမ်းလုပ်ကြည့်လို့လည်းရပါတယ်နော်။ နေခြည်ဦးရဲ့ပုံရိပ်လေးတွေကိုလည်းပရိတ်သတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-beautybynaychi's Facebook page
Photo Credit-beautybynaychi's Facebook page

Source-beautybynaychi's Facebook page

Photo Credit-beautybynaychi's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။