ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ဆွဲဆောင်မှုအပြည့်နဲ့ ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ အပြုံးလှလှလေးတွေနဲ့ ပရိသတ်တွေကို အမြဲဖမ်းစားထားတဲ့ မင်းသားချောလေး ရှိန်းတင်ထူးကလည်း အပါအဝင်ပါပဲ..။

ရှိန်းတင်ထူးကတော့ ကြော်ငြာတွေနဲ့ MTV တွေ ဆက်တိုက်ရိုက်ကူးနေသလို အခမ်းအနားပွဲတွေလည်း တက်ရောက်ဖြစ်နေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ထားပြီး အောင်မြင်ကျော်ကြားတဲ့ ဆယ်လီအနုပညာရှင်အဖြစ် ရပ်တည်လျှောက်လှမ်းနေသူပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Sheintin Htoo's FB Account
Photo Credit - Sheintin Htoo's FB Account

ပရိသတ်တွေရင်ထဲ အခိုင်အမာနေရာယူထားပြီး မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အချစ်တွေကို အများဆုံးရရှိထားတဲ့ ရှိန်းတင်ထူးကတော့ ကိုရိုနာဗိုင်းရပ်စ် ရောဂါတွေဆိုးရွားစွာ ကူးစက်ပြန့်နှံ့လာရင် သူ့ရဲ့ငွေကြေးတွေ အားလုံးကို လှူဒါန်းသွားမယ်လို့ ဆိုပါတယ်နော်..။

ပြီးခဲ့တဲ့ မတ်လ(၂၅)ရက်နေ့ကပဲ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ရောဂါတွေ ဆိုးဆိုးရွားရွားဖြစ်လာရင် သူ့ရဲ့ငွေကြေးအားလုံးကို ပြည်သူတွေအတွက် လှူဒါန်းသွားမှာပါဆိုပြီး ရေးသားပြောပြခဲ့တာဖြစ်ပြီး ကောင်းမွန်မြတ်တဲ့ သူ့ရဲ့ ရည်ရွယ်ချက်လေးနဲ့ စိတ်ထားလေးကိုလည်း ပရိသတ်တွေက ချီးကျူးစကားလေးတွေလည်း ဆိုထားကြပါတယ်နော်..။

Photo Credit - Sheintin Htoo's FB Account
Photo Credit - Sheintin Htoo's FB Account

"ဆိုးဆိုးရွားရွားသာဖြစ်လာ ခဲ့ရင်

ကျွန်တော် ရှာနိုင်သမျှ ငွေကြေး အကုန်

ပြည်သူတွေအတွက်ပဲ လှူသွားမှာပါ ...." ဆိုပြီး ရှိန်းတင်ထူးက ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ်နော်..။

ကဲ.. ပရိသတ်ကြီးရေ.. လတ်တလောမှာ ပြည်သူအချို့နဲ့ အနုပညာရှင်တွေကလည်း လိုအပ်တဲ့နေရာလေးတွေကနေ ကိုယ်စီလှူဒါန်းမှုတွေ ပြုလုပ်နေသလို မော်လ်ဒယ်မင်းသားချောလေး ရှိန်းတင်ထူးကလည်း တစ်ဖက်တစ်လမ်းက ပါဝင်လှူဒါန်းသွားမယ့်အကြောင်းလေးကို တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Sheintin Htoo's FB Account
Photo Credit - Sheintin Htoo's FB Account

Source & Photo Credit - Sheintin Htoo's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။