ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီများရှင်ကျော်သူကတော့ လက်ရှိမှာဆိုရင် ပရဟိတအလုပ်ကိုသာ စွမ်းစွမ်းတမံဆောင်ရွက်နေတာဖြစ်ပြီး အနုပညာအလုပ်တွေကိုတော့ အနည်းအကျဉ်းသာလုပ်ဆောင်နေတာဖြစ်ပါတယ်။ဦးကျော်သူရဲ့ ပရဟိတစိတ်ဓာတ်ကို ပရိသတ်တွေကလည်း လေးစားနေကြပြီး သူ့ရဲ့နာရေးကူညီမှုအသင်းမှာလည်း သွားရောက်လှူဒါန်းနေကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ ဦးကျော်သူက ကူးစက်ရောဂါဖြစ်ပွားနေတဲ့အချိန်မှာတောင် အိမ်ထဲမှာမနားဘဲ ပရဟိတအလုပ်ကိုဆောင်ရွက်နေတာပါနော်။

Photo Credit- Kyaw Thu’s Facebook Account
Photo Credit- Kyaw Thu’s Facebook Account
Photo Credit- Kyaw Thu’s Facebook Account

ဦးကျော်သူကတော့ "Can't Stay Home ဘ၀များ။Covid 19 ကူးစက်ရောဂါကြောင့် Stay at Home ဟု မိမိနေအိမ်တွင်သာနေထိုင်ကြရန် လှုံ့ဆော်ကြသော်လည်း မိမိတို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် နေအိမ်တွင်အေးဆေးသက်သာစွာနေထိုင် နေလို့ မဖြစ်ပေ။နေ့စဉ် အချိန်အမျှ ဘ၀ကူးသွားသည့်သူများအတွက်(အခမဲ့) နာရေးကူညီမှုတည်းဟူသော အသင်ကြီး၏လုပ်ငန်းစဉ်အားစဉ်ဆက်မပြတ်ကူညီဖေးမပေးနေရဦးမည်ဖြစ်သည်။ယခုလို အခမဲ့ နာရေးကူညီမှုလုပ်ငန်းအားနာဂစ်ကာလ၊ သံဃာ့အရေးအခင်းကာလအပါအဝင် သဘာ၀ဘေး၊စစ်ဘေး၊ငလျင်ဘေး၊လူမျိုးရေးပဋိပက္ခကာလများတွင်လည်းကောင်း၊ နေ့ကြီးရက်မြတ်အပါအပါအဝင် မဟာသင်္ကြန်ကာလ အများပြည်သူလူထုအားလုံးပျော်ပါးနေစဉ်အချိန်ကာလများတွင်လည်း ပိတ်ရက်မရှိ အများပြည်သူတို့ အတွက်နာရေး၊ကျန်းမာရေး၊ပညာရေး မှအစ ကူညီပေးနေရသော အဖွဲ့လည်းဖြစ်သည်။

Photo Credit- Kyaw Thu’s Facebook Account
Photo Credit- Kyaw Thu’s Facebook Account
Photo Credit- Kyaw Thu’s Facebook Account

ယခုလည်း ကူးစက်ဗိုင်းရပ်စ်ရောဂါဖြစ်ဖြစ်ခြင်း ပထမ(၄)ရက်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းအား လူနာများ နည်းပါးသွားသည့်အတွက်ခေတ္တပိတ်လိုက်ရသော်လည်း ယခုလာမည့် စနေနေ့မှစ၍ဆရာဝန်ကြီးများ၏စေတနာ၊နာကူရန်ကုန်၏မေတ္တာတရားတို့ဖြင့် နာမကျန်းသောအထွေထွေရောဂါများအားပြန်လည်ကုသပေးတော့မည်ဖြစ်ကြောင်းတစ်လက်စတည်း သတင်းကောင်းပါးလိုက်ရပါသည်။ယခုကဲ့သို့ တကမ္ဘာလုံး၊တိုင်းပြည်တစ်ခုလုံးကြောက်လန့်နေကြရသော COVID 19 ကူးစက်ဗိုင်းရပ်စ်ရောဂါအချိန်ကာလအတွင်း ပြည်သူလူထုတို့အားစေတနာ၊ဂရုဏာ၊မေတ္တာထား၍ စာနာစိတ်ထားကာ လာရောက်ကုသပေးသည့် ပရဟိတစံပြဆရာဝန်ကြီးများ၊သူနာပြုများ၊ပရဟိတလုပ်အားပေးစံပြမျိုးဆက်သစ်များနှင့် ပရဟိတစံပြဝန်ထမ်းများအားလုံးကို အထူးလေးစားဦးညွှတ်ကာ သာဓု သာဓု သာဓုဟု ရင်ထဲ နှလုံးသားအသစ်ထဲမှခေါ်ဆိုလိုက်ရပါသည်။( အိမ်မနေ ကျော်သူ )"ဆိုပြီး ရေးသားမျှဝေလာတာဖြစ်ပါတယ်။

Source&Photo Credit:Kyaw Thu's Facebook Acc

Photo Credit- Kyaw Thu’s Facebook Account
Photo Credit- Kyaw Thu’s Facebook Account
Photo Credit- Kyaw Thu’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။