ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ဆွဲဆောင်မှုရှိတဲ့ အမိုက်စားခန္ဓာကောက်ကြောင်းအလှတွေကို ပိုင်ဆိုင်ထားပြီး အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်ဆယ်လီကတေည် မော်လ်ဒယ်မင်းသမီးချော စူးရှထက်ပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေအခိုင်အမာနဲ့ အောင်မြင်စွာရပ်တည်လျှောက်လှမ်းနေတဲ့ စူးရှထက်ကတော့ သဒ္ဓါတရားလည်း ထက်သန်ကာ အလှူအတန်းတွေကိုလည်း တက်နိုင်သလောက်လေး မကြာခဏပြုလုပ်လေ့ရှိပြီး အမြဲကုသိုလ်ယူနေသူလေးဆိုလည်း မမှာပါဘူးနော်..။

Photo Credit - Zar Chi's FB Account
Photo Credit - Zar Chi's FB Account

အလှူအတန်းတွေမှာဆို လက်မနှေးတဲ့ ပရိသတ်အချစ်တော် မော်လ်ဒယ်မင်းသမီးချောလေး စူးရှထက်ကတော့ အခုတစ်ခါမှာလည်းကိုရိုနာဗိုင်းရပ်စ်တွေကြောင့် Mask ပြတ်လပ်ကာ ဝယ်ယူရခက်ခဲနေတာမို့ ပြန်လျှော်လို့ရတဲ့ ပိုးသတ်ပြီးသား Mask တွေကို လှူဒါန်းသွားမယ်လို့ ဆိုပါတယ်နော်..။

နေရာတိုင်းလိုလိုမှာ အလွယ်တကူဝယ်ယူလို့မရတော့ဘဲ ဈေးနှုန်းတွေမြင့်တကကာ ဝယ်ယူရခက်ခဲနေတဲ့အချိန်မှာ အခါခါပြန်လျှော်ပြီး ပြန်သုံးလို့ရတဲ့ ပိုးသတ်ပြီးသား Mask တွေကို ချုပ်ပြီး လှူမယ့်အကြောင်းလေးကို စူးရှထက်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - Zar Chi's FB Account
Photo Credit - Zar Chi's FB Account

"ဝယ်လို့မရ ဖြစ်နေတဲ့ သူတွေတွက်

အခါခါလျှော်ပြီးပြန်သုံးလို့ရပါတယ် ပိုးသတ်ပြီးသားပါ

မရောင်းပါဘူးရှင့် လှူမှာပါ လိုအပ်မှ cb လာပြောပါ.." ဆိုပြီး စူးရှထက်က မျှဝေပြောပြထားတာပဲ ဖြစ်ပါတယ်..။

အလှူအတန်းတွေမှာ အဘက်ဘက်ကနေ ရရင်ရသလို တက်နိုင်သလောက်လေး ကူညီနေတဲ့ စူးရှထက်ရဲ့ စေတနာလေးကိုလည်း ပရိသတ်တွေက အသိအမှတ်ပြု ချီးကျူးစကားလေးတွေလည်း ဆိုထားကြပါသေးတယ်နော်..။

Photo Credit - Zar Chi's FB Account
Photo Credit - Zar Chi's FB Account

Source & Photo Credit - Zar Chi's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။