ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော်မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ သရုပ်ဆောင်ကောင်းတဲ့အပြင် အေးချမ်းတဲ့အလှလေးတွေနဲ့ ချစ်စရာကောင်းသူလေးအဖြစ် ပရိသတ်တွေရင်ထဲ ရောက်ရှိထားသူလေးပဲ ဖြစ်ပါတယ်..။

အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်ကာ ကြော်ငြာတွေအပြင် ဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ကျရာဇာတ်ရုပ်ကနေ ပီပီပြင်ပြင်သရုပ်ဆောင်နိုင်သလို ဆွဲဆောင်မှုရှိတဲ့ အပြုံးလှလှလေးတွေကလည်း သူမကို အချစ်ပိုစေတာလည်း ဖြစ်ပါတယ်နော်..။

Photo Credit - May Myint Mo's FB Account
Photo Credit - May Myint Mo's FB Account
Photo Credit - May Myint Mo's FB Account

ပရိသတ်အချစ်တော်မေလေးကတော့ ဒီကနေ့မှာ ဇာတ်သိမ်းပိုင်း ထုတ်လွှင့်ပြသမယ့် "တစစ်တမက် ကိုယ်နှင့်သက်ကို" ဇာတ်ကားမှာ ဒေါက်တာရည်မွန်ဆိုတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ထားပြီး ဇာတ်ကားအမှတ်တရလေးတွေကိုလည်း ဝေမျှလာပါတယ်နော်..။

ချစ်ပရိသတ်တွေအတွက် အမှတ်တရပုံလေးတွေ ဝေမျှရင်း လူတွေက တစ်ယောက်ယောက်ကို သူတို့ဘဝရဲ့ အရေးကြီးဆုံးနေရာတွေမှာ သိမ်းထားတတ်ကြတယ်ဆိုပြီးတော့လည်း ချစ်စဖွယ်လေး ရင်ဖွင့်ပြောပြလယခဲ့ပါတယ်နော်..။

Photo Credit - May Myint Mo's FB Account
Photo Credit - May Myint Mo's FB Account
Photo Credit - May Myint Mo's FB Account

"လူတစ်ယောက်က လူတစ်ယောက်ကို သူတို့ဘဝရဲ့အရေးကြီးဆုံးနေရာတွေမှာ သိမ်းထားတတ်ကြတယ်

တစစ်တမက် ကိုယ်နှင့်သက်ကို.." ဆိုပြီး အမှတ်တရပုံရိပ်လေးတွေနဲ့အတူ ရေးသားထားတာပဲ ဖြစ်ပါတယ်နော်..။

ကဲ.. ပရိသတ်ကြီးရေ.. ဒီကနေ့လေးမှာ နောက်ဆုံးထုတ်လွှင့်ပြသမယ့် မေလေးတို့ရဲ့ "တစစ်တမက် ကိုယ်နှင့်သက်ကို" ဇာတ်ကားကိုလည်း အားလုံးနဲ့အတူ စောင့်မျှော်အားပေး ကြည့်ရှု့လိုက်ကြရအောင်နော်..။

Photo Credit - May Myint Mo's FB Account
Photo Credit - May Myint Mo's FB Account

Source & Photo Credit - May Myint Mo's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။