ပရိသတ်ကြီးတို့ရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှယ်ဆယ်လီစုံတွဲလေးဖြစ်တဲ့ ဒါရိုက်တာဏကြီးနဲ့ အကယ်ဒမီမင်းသမီးချောလေး ပိုင်ဖြိုးသုတို့ဇနီးမောင်နှံကတော့ လိုက်ဖက်ညီလွန်းလို့ ပရိသတ်တွေ အမြဲအချစ်ပိုနေကြတဲ့ စုံတွဲလေးပဲ ဖြစ်ပါတယ်..။

ပရိသတ်အချစ်တော် သူတို့စုံတွဲလေးကတော့ ပြီးခဲ့တဲ့ရက်က ဇနီးမောင်နှံနှစ်ယောက်လုံး ယဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပြီး စိတ်ပူနေကြတဲ့ ပရိသတ်တွေကို ထိခိုက်မှုတွေ ကြီးကြီးမားမား မရှိခဲ့တဲ့အတွက် မစိုးရိမ်ကြဖို့ ပြောပြလာခဲ့ပါတယ်နော်..။

Photo Credit - RBV
Photo Credit - Amazing Grace

သုသုလေးတို့ စုံတွဲလေးကတော့ လတ်တလောဖြစ်နေတဲ့ Covid 19 ဗိုင်းရပ်စ်ရောဂါကြောင့် ရိုက်ကူးလက်စဖြစ်တဲ့ "ချစ်ခင်စမှော်ရုံ" ရုပ်ရှင်ဇာတ်ကားကြွး ရိုက်ကူးမှုကို ရပ်နားပြီး ပြန်လာတဲ့ လမ်းမှာ ယာဉ်မမတော်တဆမှုဖြစ်ပွားခဲ့တာဖြစ်ပြီး အရှေ့ခန်းမှာထိုင်တဲ့ မန်နေဂျာနဲ့ ကားဆရာက Air Bag ပွင့်သွားလို့ ဘာမှမဖြစ်ပေမယ့် အနောက်ခန်းမှာထိုင်တဲ့ သူတို့ဇနီးမောင်နှံနှစ်ယောက်ကတော့ မျက်နှာနဲ့ ခြေလက်ခန္ဓာကိုယ် အနည်းငယ်ပွန်းပဲ့ထိခိုက်မှုတွေ ရရှိခဲ့ပါတယ်နော်..။

မျက်နှာဖူးယောင်ပွန်းပဲ့ရုံနဲ့ ခြေလက်အနည်းငယ်ထိခိုက်မှုတွေရှိခဲ့ပေမယ့် အရိုးကျိုးပဲ့တဲ့အထိမဖြစ်ဘဲ စိုးရိမ်စရာမရှိတာမို့ အခုလိုအချိန်မှာ ဆေးရုံမတက်တော့ဘဲ အိမ်မှာပဲ ဆေးသောက်အနားယူနေတာမို့ စိတ်ပူနေကြတဲ့ ပရိသတ်တွေကို မစိုးရိမ်ကြဖို့ သုသုလေးက ပြောပြထားပါတယ်နော်..။

Photo Credit - Paing Phyo Thu's FB Account
Photo Credit - Amazing Grace

"ပြဿနာဖြစ်ချိန်မှာ ဒဏ်ရာတွေနဲ့‌သုသုတို့နှစ်ယောက်ကို ဆေးရုံပို့စစ်ဆေးပေးကြတဲ့ မသီတာနဲ့ မမီး ကားကိစ္စတွေ ရဲစခန်းမှာလိုက်ရှင်းပေးကြရုံသာမက အိမ်အထိသုသုတို့နှစ်ယောက်ကိုလိုက်ပို့ပေးတဲ့ ဒေါင်းနဲ့ ကိုသားညီတို့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်..." ဆိုပြီး ကျေးဇူးတင်စကားလေးလည်း ဆိုထားပါသေးတယ်နော်..။

ချစ်ရတဲ့ ပရိသတ်တွေကို သူမတို့အတွက် မစိုးရိမ်ကြဖို့ ပြောရင်း ပရိသတ်တွေကိုလည်း တတ်နိုင်သမျှ အိမ်မှာနေကြဖို့ မတတ်သာလို့ အပြင်ထွက်အလုပ်လုပ်နေရသူများလည်း မကြာခဏလက်ကို စနစ်တကျဆေးကြောသန့်စင်ပေးကာ နှာခေါင်းစည်း(mask)ဝတ်ကြဖို့နဲ့ ကိုယ်ခံစွမ်းအားမြှင့်တင်ပေးမယ့် Vitamin C သောက်ပြီး အစာအာဟာရမျှတအောင်စားဖို့လည်း သုသုလေးက တိုက်တွန်းပြောထားပါတယ်နော်..။

Photo Credit - Paing Phyo Thu's FB Account
Photo Credit - Paing Phyo Thu's FB Account

Source & Photo Credit - Paing Phyo Thu's FB Account & Amazing Grace & RBV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။