ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်လွှားရှိ ထူးထူးခြားခြားနေရာတွေထဲကမှ တစ်ခုဖြစ်တဲ့ "the alnwick garden" အဆိပ်ပန်းခြံလို့ လူသိများတဲ့ ကြောက်မက်ဖွယ် နေရာကြီးအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာပါ။ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို လည်း like and follow လုပ်ထားပေးပါဦးနော်။

photo credit pngtree

အင်္ဂလန်နိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ ပန်းခြံတစ်ခုကို ၁၇၅၀ ခုနှစ်ကတည်းက ပြုလုပ်ထားခဲ့တာဖြစ်ပြီး ယနေ့အချိန်ထိ တည်ရှိနေတာ ဖြစ်ပါတယ်။ ပန်းခြံ နာမည်ကတော့ "အဆိပ်ပန်းခြံ"လို့ အမည်ရပြီး အဆိပ်ပန်းပင်ပေါင်း ၁၀၀ ရှိတာ ဖြစ်ပါတယ်။ အဲ့ဒီအဆိပ်ပင်တွေရဲ့ အမျိုးအစားတွေကတော့ စားသေ၊ ရှူသေနှင့် indirectly သက်ရောက်တဲ့ အပင်တွေပဲ ဖြစ်ပါတယ်။

photo credit pngtree

ဆိုလိုတာကတော့ အဲ့ဒီအပင်တွေကို သတ္တဝါက စားပြီး၊ ထိုသတ္တဝါ အသားတွေကို လူစားမိရင် လူသေတာ ဖြစ်ပါတယ်။ အခုအချိန်အခါမှာတော့ မြေနေရာ လှူဒါန်းသူများကြောင့် မြေ ၁၄ ဧကလောက် အကျယ်အဝန်းရှိနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီအဆိပ်ပြင်းတဲ့ အပင်တွေကို သံတိုင် အုပ်ဆောင်း သို့မဟုတ် ခြံခတ်ထားပြီး "သတိပေးစာတန်း" ထိုးထားတာ ဖြစ်ပါတယ်။

source သံ ဇဉ် မိုးဇတ်

photo credit pngtree

photo credit သံ ဇဉ် မိုးဇတ်

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။