ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ထိပ်တန်းကနေ အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့ ဝါရင့်သရုပ်ဆောင်အနုပညာရှင်ကတော့ အန်ကယ်လေးလို့ အားလုံးကခေါ်ကြတဲ့ အကယ်ဒမီလူမင်းပဲ ဖြစ်ပါတယ်။အန်ကယ်လေးကတော့ အောင်မြင်ခိုင်မာတဲ့ ပြည်သူချစ်အနုပညာရှင်ဖြစ်သလို ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူပဲ ဖြစ်ပါတယ်နော်။အန်ကယ်လေးရဲ့ ချစ်ဇနီးလေး ခင်စံပါယ်ဦးဟာလည်းအရွယ်တင်နုပျိုလှပနေဆဲဖြစ်ပြီး ရိုးရိုးအေးအေးလေးနေထိုင်တတ်သူလည်းဖြစ်ပါတယ်။

Photo Credit-Amazing Grace
Photo Credit-Amazing Grace

လူမင်းဟာ မကြာသေးမီကသူ့ရဲ့Facebookစာမျက်နှာတွင် "ကဲ ကဲကိုဗစ်လည်း လစ်လိုက်တော့လွန်ခဲ့တဲ့ (၁၆) နှစ်က လက်မှတ်ထိုးတာဘာလို့ အခုမှအိမ်ထောင်တကယ်ကျရတာလဲ ပြော" ဆိုပြီး လက်မှတ်ထိုးတဲ့နေ့ကပုံလေးတွေကိုတင်ပေးလာပါတယ်။ ဦးလူမင်းတို့ဇနီးမောင်နှံဟာ မင်္ဂလာသက်တမ်း ၁၆နှစ်ပြည့်သွားခဲ့တာဖြစ်ပြီး ယခုအချိန်ထိလည်းတစ်ယောက်နဲ့တစ်ယောက်ချင်ခင်ကြင်နာစွာနေထိုင်ကြတာကြောင့် အားကျရတဲ့ဇနီးမောင်နှံလည်းဖြစ်ပါတယ်။

Photo Credit-Ayarwady Lu Min's Facebook acc
Photo Credit-Ayarwady Lu Min's Facebook acc

လူမင်းဟာ ဗိုလ်ချုပ်ရုပ်ရှင်ကားကြီးကိုလည်းပုံဖော်ရိုက်ကူး‌နေတဲ့ ဒါရိုက်တာတစ်ဦးလည်းဖြစ်ပါတယ်။ အဘက်ဘက်မှာထူးချွန်တဲ့ဦးလူမင်းကိုပရိတ်သတ်ကြီးလည်း ချစ်ခင်အားပေးကြမယ်မလား။ ဦးလူမင်းတို့ဇနီးမောင်နှံရဲ့ပုံရိပ်လေးတွေကိုပရိတ်သတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Ayarwady Lu Min's Facebook acc
Photo Credit-Amazing Grace

Source-Ayarwady Lu Min's Facebook acc

Photo Credit-Ayarwady Lu Min's Facebook acc/Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။