ပရိသတ်ကြီးရေ သရုပ်ဆောင်မင်းသမီးချောလေး နော်ဖောအယ်ထား ကတော့အနုပညာလောကမှာ အချိန်အတိုးအတွင်းနေရာတစ်ခုကိုအခိုင်အမာရပ်တည်ထားနိုင်ပြီးပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ မင်းသမီးချောလေး ပဲဖြစ်ပါတယ်။သွယ်လျကျစ်လျစ်တဲ့ ဲ့အမိုက်စားခန္ဓာကိုယ်အလှတွေကိုပိုင်ဆိုင်ထားသလို ဖြူဖွေးနုဖက်နေတဲ့ အသားရည်လေးတွေကြောင့် တစ်မျိုးလေး လှသွေးကြွယ်နေပြီး ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး ပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ အနုပညာအလုပ်တွေလုပ်ကိုင်နေသလို ပွဲတွေကိုလည်းတက်ရောက်နေတာဖြစ်ပါတယ်။

Photo Credit - Naw Phaw Eh Htar
Photo Credit - Naw Phaw Eh Htar

ဒါ့အပြင် နော်ဖောအယ်ထား လေးက ကလေးလေးတစ်ယောက်လိုအမြဲတမ်း လွတ်လပ်ပေါ့ပါးကာပြုံးပျော်ရွှင်နေတက်ပြီး ဝတ်စားဆင်ယဉ်မှုတွေမှာလည်းဘယ်လိုဖက်ရှင်မျိုးနဲ့ဖြစ်ဖြစ်လိုက်ဖက်ညီအောင် ဝတ်ဆင်တက်တဲ့ သူပဲဖြစ်ပါတယ်။ ယခုမှာဆိုရင်လည်း နော်ဖောအယ်ထား ကရိုးရိုးယဉ်ယဉ်မြန်မာဝတ်စုံလေးကိုဝတ်ပြီး ချစ်စရာဟန်ပန်အမူရာလေးနဲ့ ဓာတ်ဖမ်းထားတဲ့အမိုက်စားပုံရိပ်လေးတွေကို ပရိသတ်တွေ အတွက်တင်ပေးလာခဲ့ပါတယ်။

Photo Credit - Naw Phaw Eh Htar
Photo Credit - Naw Phaw Eh Htar

ဆွဲမက်စရာကောင်းတဲ့ အကြည့်စူးစူးလေးနဲ့ညို့အားပြင်းပြင်း ပရိသတ်တွေ အသည်းကြွေကျအောင် ဖမ်းစားလိုက်ပြန်ပြီလည်းဖြစ်ပါတယ်။ ဒီပုံရိပ်လေးတွေ နဲ့လည်း နော်ဖောအယ်ထားက " အရင်လို အလုပ်တွေလုပ်ပြီး အားလပ်ရက်တွေမှာ ပျော်ပျော်ရွှင်ရွှင် အပူအပင်ကင်းကင်းခရီးထွက်ချင်သေးတယ်..ကပ်ရောဂါဆိုးကြီးအမြန်ပျောက်ကင်းပါစေလို့ဆုတောင်းရင်း ခုတော့ အတတ်နိုင်ဆုံးအိမ်မှာဘဲနေကြရအောင်နော်..လက်လည်း သေချာဆေးဖို့ မမေ့ပါနဲ့...လူစုလူဝေးတွေ ရှောင်ရင်းအားလုံးတူတူ ကျော်ဖြတ်ကြရအောင်နော်.." ဆိုပြီးရေးသားဖော်ပြပေးထားပါသေးတယ်။

Photo Credit - Naw Phaw Eh Htar

Source - Naw Phaw Eh Htar Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။