ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တွေထဲမှာ ပီပြင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေနဲ့ ဇာတ်ကားတွေများစွာ ရိုက်ကူးထားသူကတော့ MRTV-4 မင်းသားချော အောင်ရေချမ်းကလည်း အပါအဝင်ပါပဲနော်..။

ကြော်ငြာတွေအပြင် ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူးထားတဲ့ အောင်ရေချမ်းကတော့ ဒီကနေ့မှာ ဇာတ်သိမ်းပိုင်းအဖြစ် နောက်ဆုံးထုတ်လွှင့်ပြသခဲ့တဲ့ "တစစ်တမက် ကိုယ်နှင့်သက်ကို" ဇာတ်ကားမှာလည်း ရဲဝင်းဆိုတဲ့ ကာရိုက်တာလေးနဲ့ ပရိသတ်တွေကို သဘောကျစေပြန်ပါတယ်နော်..။

Photo Credit - Myint Thu Ra Aung
Photo Credit - Myint Thu Ra Aung
Photo Credit - Myint Thu Ra Aung
Photo Credit - Myint Thu Ra Aung

အောင်ရေချမ်းကတော့ အခုတစ်ခါမှာလည်း ဇာတ်ကားထဲက ဇာတ်ရှိန်အမြင့်ဆုံး ဇာတ်ဝင်ခန်းတစ်ခုဖြစ်တဲ့ နောက်ဆုံးအချိန်အသေခံကာ တိုက်ပွဲဝင်ခဲ့တဲ့ ဇာတ်ဝင်ခန်းအမှတ်တရလေးတွေကိုလည်း ပရိသတ်တွေကို မျှဝေထားပါသေးတယ်နော်..။

(၇၅)နှစ်ပြည့် စိန်ရတု တပ်မတော် ဂုဏ်ပြုဇာတ်လမ်းတွဲကြီးဖြစ်တဲ့ "တစစ်တမက် ကိုယ်နှင့်သက်ကို" ဇာတ်ကားမှာ ကျော်ဆု၊ မင်းသမီးချောလေး မေမြင့်မိုရ်အပြင် အခြားအနုပညာရှင်တွေနဲ့အတူ ပီပီပြင်ပြင် အကောင်းဆုံး သရုပ်ဆောင်ထားကြတာမို့ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုတွေကို ရရှိကာ အကြိုက်တွေ့စေတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Myint Thu Ra Aung
Photo Credit - Myint Thu Ra Aung
Photo Credit - Myint Thu Ra Aung

အောင်ရေချမ်းကတော့ ဒီကနေ့ရဲ့ နောက်ဆုံးဇာတ်ဝင်ခန်းလေးရဲ့ ပုံလေးတွေကို "ကြောက်လို့ ကျန်တဲ့အထဲမှာ ရဲဝင်းမပါဘူး....." ဆိုပြီး နောက်ဆုံးအချိန်ထိ အသေခံကာ တိုက်ပွဲဝင်ခဲ့တဲ့ ဇာတ်ဝင်ခန်းအမှတ်တရလေးတွေကို အောင်ရေချမ်းက ပရိသတ်တွေကို ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်နော်..။

ကဲ.. ပရိသတ်ကြီးရေ.. ဒီကနေ့မှာပဲ ပြသပြီးစီးခဲ့တဲ့ အောင်ရေချမ်းတို့ရဲ့ "တစစ်တမက် ကိုယ်နှင့်သက်ကို" ဇာတ်လမ်းတွဲကြီးရဲ့ ဘယ်ဇာတ်ဝင်ခန်းကို သဘောအကျဆုံးလဲဆိုတာ Comment လေးတွေမှာ မှတ်ချက်လေးတွေပေးကာ ပြောပြပေးသွားပါဦးနော်..။

Photo Credit - Myint Thu Ra Aung
Photo Credit - Myint Thu Ra Aung
Photo Credit - Myint Thu Ra Aung
Photo Credit - Myint Thu Ra Aung

Source - Aung Yay Chan's FB Account

Photo Credit - Myint Thu Ra Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။