ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ လူတစ်ပိုင်း ဆိတ်တစ်ပိုင်း ပုံစံရှိတဲ့ ဒဏ္ဍာရီလာ သတ္တဝါများအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် သိရှိ မှတ်သားရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အချို့သော ဒဏ္ဍာရီလာ သတ္တဝါများဟာ ခန္ဓာကိုယ် အပေါ်ပိုင်းလူဖြစ်ပြီး အောက်ပိုင်းကဆိတ် ပုံစံ ဖြစ်ပါတယ်။ ဖောန် (Faun)၊ ပန် (Pan)၊ ဆေတာ (Satyr)၊ ဆလန်းနပ်စ် (Silenus) နှင့် မကောင်းဆိုးဝါး (the Devil) များဟာ လူသိများထင်ရှားသော လူတစ်ပိုင်း ဆိတ်တစ်ပိုင်း သတ္တဝါများ ဖြစ်ကြပါတယ်။

photo credit pngtree

"ဖောန်" ဆိုတာက သစ်တောကို အစိုးရတဲ့ ရောမနတ်ဘုရားဖြစ်ပြီး သိုးအုပ်များကို ထိန်းကျောင်းပေးသော ဂရိနတ်ဘုရားပန်နှင့် သူ့ရဲ့အဖော်ဖြစ်သူ သစ်တော နတ်ဆေတာတို့နှင့် ပတ်သက်ဆက်နွယ်မှုရှိတာ ဖြစ်ပါတယ်။ ဆလန်းနပ်စ်ဟာ ဝိုင်ယမကာကို စောင့်ရှောက်တဲ့ ဂရိနတ် ဘုရား ဖြစ်ပြီး ဆေတာထက်ပို၍ သက်တမ်းကြာရှည်သူလည်း ဖြစ်ပါတယ်။

photo credit pngtree

အခြား လူတစ်ပိုင်း ဆိတ်တစ်ပိုင်း သတ္တဝါတစ်မျိုး ဖြစ်တဲ့ Devil ခေါ် မကောင်းဆိုးဝါးဟာ ဂရိဒဏ္ဍာရီများမှ အစချီကာ ဘာသာအမျိုးမျိုး၊ ယဉ်ကျေးမှုအမျိုးမျိုးတွင် ဘုရားသခင်ရဲ့ ရန်သူတော်ကြီးအဖြစ်လည်းကောင်း၊ မကောင်းမှုဒုစရိုက်တို့ရဲ့ သက်ရှိပြယုဂ်အဖြစ်လည်းကောင်း သတ်မှတ် ခံထားရသူ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree 

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။