ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်လွှား ထူးထူးခြားခြား အားကစားနည်းတွေထဲကမှ တစ်ခုဖြစ်တဲ့ စက်ဘီး ရေလွှာလျှောစီး ကစားနည်းကို ဗဟုသုတ ဖြစ်ဖွယ် သိရှိမှတ်သားရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ပင်လယ်ကမ်းခြေများမှာ ရေလွှာ လျှောစီးကြရာတွင် မတ်တတ်ရပ်စီးရတဲ့ အောက်ခံ ဘုတ်ပြားများဟာ လေထဲတွင် ပျံဝဲနေတဲ့ ဘုတ်ပြားများကနေ ရေပေါ်တွင် လျှပ်ပြေးနေသော ဘုတ်ပြားများအထိ စိတ်ဝင်စားဖွယ် အတိဖြစ်ပါတော့တယ်။

photo credit pngtree

သို့သော်လည်း ဆန်းပြားပါတယ်ဆိုတဲ့ ရေလွှာလျှောစီး ဘုတ်ပြားများဟာ စက်ဘီးဘုတ်ပြား နှင့် ယှဉ်လိုက်ရင် အံ့သြဖွယ် မရှိတော့ပါဘူး။ စက်ဘီး ရေလွှာ လျှောစီးဘုတ်ပြားကို ဒီစီ ဖိနပ်လုပ်ငန်းအတွက် သြစတေးလျ စတန့်စီးသမား ရော့ဘီမက်ဒီဆန်က တီထွင် ထုတ်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ မက်ဒီဆန်ဟာ ယခင်က လေယာဉ်ပေါ်မှ ကောင်းကင်ပြင်အတွင်းသို့ အတွဲလိုက်ခုန်ချတဲ့ ပွဲများမှာ ပါဝင် စတန့်ပြခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။

photo credit pngtree

သူဟာ ရုပ်ရှင်လေးမိနစ်ရိုက်ကူးရန် တီဟီဟီကျွန်းက ရေလှိုင်းများပေါ်တွင် စက်ဘီးစီးပြတဲ့ စတန့်ကို ပြုလုပ်ပြခဲ့တာ ဖြစ်ပါတယ်။ တီဟီဟီကျွန်းအား ကမ္ဘာပေါ်တွင် ရေလွှာလျှောစီးသူများအတွက် အန္တရာယ် အများဆုံး ပင်လယ်ကမ်းခြေနေရာလို့ သတ်မှတ်ထားပါတယ်။ သန္တာကျောက်တန်းများကို ထိုးဖောက်တိုက်ခတ်လာတဲ့ ဒီလှိုင်းများ အန္တရာယ်ဟာ တီဟီဟီကျွန်းရဲ့ နာမည်ဆိုး တစ်ခုဖြစ်ပါတယ်။ ရော့ဘီမက်ဒီဆန်က ရေလှိုင်းများပေါ်တွင် စက်ဘီးဖြင့် ရေလွှာ လျှောစီးပြပြီးတဲ့ နောက်ပိုင်းမှာ စက်ဘီးဖြင့်ရေလွှာ လျှောစီးခြင်းကို အားကစားတစ်ရပ်အဖြစ် လူအများက စိတ်ဝင်စားခဲ့ကြတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။