အဆိုဘက်တွင်သာမကဘဲ သရုပ်ဆောင်ဘက်မှာလည်း ထူးချွန်သူကတော့ မင်းသမီးချောလေး ချစ်သုဝေပဲ ဖြစ်ပါတယ်။ သူမဟာ ဆရာဝန်အလုပ်ကို စွန့်လွှတ်ကာ ဝါသနာပါရာ အနုပညာအလုပ်တွေကို လုပ်ကိုင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ ပရဟိတအလုပ်တွေကို တစ်ပိုင်တစ်နိုင်လုပ်ကိုင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်လည်း လတ်တလောမှာဖြစ်ပွားနေတဲ့ Covid19 ရောဂါပိုးအတွက် ဆောင်ရန်၊ရှောင်ရန်တွေကို အမြဲဝေမျှပေးနေသူလည်း ဖြစ်ပါတယ်။

Photo Credit- Chit Thu Wai’s Facebook Account
Photo Credit- Chit Thu Wai’s Facebook Account

အခုမှာလည်း " """တစ်ဦးတစ်​ယောက်ရဲ့​ပေါ့ဆမှု​နောက်မှာ စ​တေးရမယ့်ဘဝ​တွေအများကြီးရှိတယ်"""

ဒီအချိန်မှာစိတ်အပူဆုံးလို့​ပြောရရင် ကျန်းမာ​ရေးက ဆရာဝန် သူနာပြု ​ဆေး​လောကသား​တွေပဲ,,,

ဒီ​လောက်​တောင် ပိုးရှိ​နေရက်အသိ​ခေါင်းပါး​နေကြသူ​တွေ​တွေ့ရတာလည်း စိတ်မသက်သာစရာ,,

ပညာ​တွေတတ် အ​တွေ့အကြုံ​တွေသတင်း​တွေသိ​နေပါလျက် quarantineကို မလိုက်နာကြတဲ့သူ​တွေ​တွေ့ရတာလည်း စိတ်မသက်သာဘူး...

​ရှေ့တန်းက ဘာကိုမှစိတ်မပူနိုင်ပဲ အကာကွယ်ပစ္စည်းမလုံမ​လောက် (လှူလို့ဖြည့်လို့မနိုင်) ကြပဲ ဖြစ်သလို တိုက်ပွဲဝင်​နေကြရတာမှအားမနာ,,,

အိမ်မှာ​နေလို့ရသူ အိမ်မှာ​နေပါ,,,

မဖြစ်မ​နေထွက်ရမယ့်သူ physical distancing, hand washing, အိမ်ပြန်လာရင်လိုက်နာရမှာ​တွေအ​လေးထား လုပ်​ပေးကြပါ,,,

Photo Credit- Chit Thu Wai’s Facebook Account
Photo Credit- Alinn Yaung Photography

တခြားနိုင်ငံကပြန်လာရင် လူ​ကောင်းပုံဘယ်လို​ပေါက်​ပေါက် သယ်​ဆောင်လာသူဖြစ်နိုင်ပါလားဆိုတဲ့အသိနဲ့quarantineမှာပူး​ပေါင်း​ပေးပါ (၁၄ရက်​လေဟယ်)(နိုင်ငံရပ်ခြားမှာ​နေဖို့​တောင် တစ်လကိုးတစ်တင်းကြိုးစား​စောင့်ဆိုင်းကြရတာမဟုတ်လား,,တကယ်ဖြစ်ရင် ကိုယ်ရော ချစ်တဲ့မိသားစုပတ်ဝန်းကျင်ပါ ခံရမှာ မ​မေ့ပါနဲ့),,,

​ပြော​နေလည်း မလုပ်တဲ့သူက မလုပ်,,,

ကု​ပေး​နေကြတဲ့ သူ​တွေပါ ကူးစက်လို့ ဆရာဝန်သူနာပြု​တွေပါ ကူးစက်ခံရလို့ ​ရှေ့တန်းပါကျရင်​တော့,,,

ဒီကာလကို​တောင့်မခံနိုင်မယ့် တစ်​နေ့လုပ်တစ်​နေ့စားမိသားစု​တွေ,,,

​ဂေဟာအသီသီးက အလှူရှင်​မျော်ရတဲ့ က​လေးငယ်​တွေ , မသန်စွမ်း​တွေ ,ဘိုးဘွား​တွေ,,

​ခွေး​ကြောင်ဂေဟာက ​ခွေးက​လေး​ကြောင်က​လေး​တွေ,,

​တွေးကြပါကွယ်,,,

ပြည်​တော်ပြန်​တွေမှာလည်းမိသားစု​တွေရှိတယ်ဆရာဝန် သူနာပြု​တွေမှာလည်းမိသားစု​တွေရှိတယ်

တစ်​နေ့လုပ်တစ်​နေ့စား မိသားစု​တွေမှာလည်းဘဝ​တွေရှိတယ်,,,,

ဒါ​ကြောင့် မိမိတစ်ကိုယ်စာ ​ဆောင်သင့် ​ရှောင်သင့်တာ​တွေလိုက်နာရမှာဖြစ်သလို,, နိုင်ငံအပြင်ကလာသူ​တွေ နိုင်ငံတွင်းဝင်ရင် quarantineကြပ်ကြပ်မတ်မတ်လိုက်နာလုပ်​ဆောင်​ပေးပါ,, (လိုက်နာကြတဲ့သူ​တွေကိုလည်းတကယ်ကို​လေးစားရပါတယ်)

နိုင်ငံ​တော်အဆင့်plan​တွေလည်းစီစဥ်ညွှန်ကြားစရာတင်းကြပ်စရာ​တွေကို လုပ်​ဆောင်ရ​တော့မှာပါ,,

"တစ်ဦးတစ်​ယောက်ရဲ့​ပေါ့ဆမှူ​နောက်မှာ စ​တေးရမယ့်ဘဝ​တွေ အများကြီးပါ​နော်​,,,,"

P.s ဒီကြားထဲ ရာသီတုပ်​ကွေးလာချိန်ကိုရင်​လေးတယ် COVIDရယ် ရာသီတုပ်​ကွေးရယ် overlapဖြစ်ချိန်က​တော့ မရှုမလှပဲ​ဟေ့" ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်ရပါတယ်နော်။

Source and Photo Credit- Chit Thu Wai’s Facebook Account And Alinn Yaung Photography  

Photo Credit- Alinn Yaung Photography
Photo Credit- Chit Thu Wai’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။