လတ်တလော COVID-19 ရောဂါ ဟာ ကမ္ဘာ့နိုင်ငံအသီးသီးမှာကူးစက်ဖြစ်ပွားနေပြီး မြန်မာနိုင်ငံ မှာ COVID-19 ရောဂါကူးစက်ပြန်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနကနေ ပြည်ပမှပြန်လည်ရောက်ရှိလာတဲ့ ရောဂါ စောင့်ကြပ်ကြည့်ရှုခံမည့်သူများအတွက် သက်ဆိုင်ရာနေရာအသီးသီး ချမှတ်ပေးထားပြီးမြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် COVID19 ဗိုင်းရပ်စ် ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းစဉ်များကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ တာဝန်ပေးမှု လမ်းညွှန်မှုများအတိုင်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေတာကိုလည်းမြင်တွေ့ခဲ့ရပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

အဆိုပါ စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး ပါဝင်လုပ်ကိုင်ဆောင်ရွက်သူများအတွက် လက်သန့်ဆေးရည် Hand Gel အရေအတွက် ၅၀၀ အားလှူဒါန်းသည့် Co-Chairman of Grand Royal Group ၊ ကျပ်သိန်း ၃၀ တန်ဖိုးရှိ Mask များအား ပေးအပ်လှူဒါန်းသည့် Daily Star Co.,Ltd မှ Mr.Vijay Kumar Kedia နှင့် စောင့်ကြပ် ကြည့်ရှု့ခံမည့်သူများသုံးစွဲရန် SIM Card အရေအတွက် ၂၅၀ နှင့် ၁၀၀၀ ကျပ်တန်ငွေဖြည့်ကတ်အရေအတွက် ၂၅၀ အားလှူဒါန်းခဲ့သည့် MPT များအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က မှတ်တမ်းတင် ဂုဏ်ပြုအသိအမှတ်ပြုပါတယ် ။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

ယခုကဲ့သို့ အရေးကြီးကာလတွင် စွမ်းစွမ်းတမံ အပင်အပန်းခံ ဆောင်ရွက်နေကြသည့် ဆရာဝန်များနှင့် သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာရှင် လုပ်အားပေး လူငယ် Volunteer များ၊ MFF နှင့် AYA Bank တို့မှ ဝန်ထမ်းများကိုလည်း အထူးဂုဏ်ပြုကျေးဇူးတင်ရှိပါကြောင်း မြန်မာနေရှင်နယ်လိပ် Page ကနေရေးသားဖော်ပြပေးထားပါသေးတယ်။ ပရိသတ်တွေလည်း လက်ရိအချိန်မှာ ကျန်းမာရေးကို အထူးဂရုစိုက်ကြပါဦးနော်... ။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

Photo Credit - Myanmar National League Facebook page

Source - Myanmar National League Facebook page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။