Covid19 ကာကွယ်ကုသရေး လုပ်ငန်းများတွင် အားစိုက်ဆောင်ရွက် နေကြသည့် ဆရာဝန်များနှင့် သူနာပြုများ နေထိုင်မှု အဆင်ပြေစေရေး အတွက် မြန်မာ့လက်ရွေးစင် အသင်းများ အဆောင်အား အသုံးပြု နေထိုင်ရန် ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်ထားရှိပြီး ဖြစ်ပါတယ်။ပြင်ဆင်ထားရှိပြီးသည့် အဆောင်တွင် ဆရာဝန်များနှင့် သူနာပြုများ အရေအတွက် ၈ဝ ဦးအထိ နေထိုင်နိုင်မည် ဖြစ်ပြီး အဆောင်မှနေ၍ မိမိတို့ တာဝန်ကျရာ ဆေးရုံများသို့ သွားရောက် တာဝန်ထမ်းဆောင်ရန် အတွက် ဖယ်ရီကားများလည်း စီစဉ်ထားရှိပြီးဖြစ်ပါတယ်။

photo credit: MFF ' s facebook page
photo credit: MFF ' s facebook page

Covid19 စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရန် AYA Bank သင်တန်းကျောင်း၊ မြန်မာ့လက်ရွေးစင် အသင်းများ အဆောင် ၃ ဆောင် နှင့် အမျိုးသား ဘောလုံး အကယ်ဒမီကို ဧရာဝတီ ဖောင်ဒေးရှင်းမှ အချိန်မီ ပြင်ဆင်မွမ်းမံခဲ့ပြီး လက်ရှိအချိန်တွင် စောင့်ကြပ်ကြည့်ရှုခံမည့်သူများ အရေအတွက် ၂၀၀ ဝန်းကျင် တည်းခိုနေထိုင်‌လျက်ရှိပါတယ်။

photo credit: MFF ' s facebook page
photo credit: MFF ' s facebook page

တည်းခိုနေထိုင်ရာ နေရာများတွင် နေ့စဉ် စားသောက်ရေးနှင့် သန့်ရှင်းရေး၊ လုံခြုံမှုရှိစေရေးနှင့် အထွေအထွေ လိုအပ်ချက်များ အတွက် စေတနာရှင်များ၊ လုပ်အားပေး လူငယ် Volunteers များနှင့် အတူ MFF, AYA Bank နှင့် ဧရာဝတီ ဖောင်ဒေးရှင်းတို့က တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါပါတယ်။မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဟာ COVID19 ဗိုင်းရပ်စ် ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းစဉ်များကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ တာဝန်ပေးမှု လမ်းညွှန်မှုများအတိုင်း ဝိုင်းဝန်းကူညီဆောင်ရွက်လျက်ရှိပါတယ် ။

source: MFF ' s facebook page 

photo credit: MFF ' s facebook page
photo credit: MFF ' s facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။