မင်းသမီးချောလေးသန္တာဗိုလ်ကတော့ ပရိသတ်တွေရဲ့ အချစ်ကို ပြည့်အဝရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်ထက်တင်ပေးလေ့ရှိပါတယ်။ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ ယခုမှာ ပညာပေးရိုက်ဖို့ဆိုရင် ရူတင်မှာ လူတွေလည်းများမှာမို့ ဒီရောဂါရဲ့ ပညာပေးဆိုပြီး ရူတင်မရိုက်ပါနဲ့ဆိုပြီး ပြောလာခဲ့ပါတယ်။

photo credit : thandar bo ' s facebook account
photo credit : thandar bo ' s facebook account

သူမကတော့ " အမုန်းခံပြီးပြောပါမယ်နော်ဒီရောဂါရဲ့ ပညာပေးဆိုပြီး ရူတင်မရိုက်ပါနဲ့တော့နော်Fb မှာ ပညာပေးတွေ အများကြီးဖတ်လို့ရ ကြည့်လို့ရနေပါပြီနော် ပညာပေးချင်ရင် ကိုယ့်အိမ်မှာကိုယ် ရိုက်ပြီးတင်ပေးပါနော် ကြည့်ပါမယ်ခုချိန်မှာ ပညာပေးရိုက်ဖို့ဆိုရင် ရူတင်မှာ လူတွေလည်းများမယ် လူစုသလိုလည်းဖြစ်မယ်, စက်အဖွဲ့ အနုပညာရှင် စသဖြင့်ပေါ့...အဓိကကတော့ အိမ်အပြင်မထွက်ဖို့နဲ့ လူများတဲ့နေရာတွေမသွားဖို့ လူစုလူဝေးမလုပ်ဖို့ခုတားမြစ်နေတော့ ပိုဂရုစိုက်စေချင်ပါတယ် "ဆိုပြီး ပြောထားခဲ့ပါတယ်။

photo credit : thandar bo ' s facebook account
photo credit : thandar bo ' s facebook account

သူမကတော့ " ရောဂါက မြင်ရရင် တော့ နင့်မှာဒီရောဂါတွေ့တယ် ဒီရူတင်မဝင်နဲ့ဆိုပြီးပြန်လွှတ်လို့ရရင်တစ်မျိုးပေါ့ခုက တစ်ယောက်နဲ့တစ်ယောက် ရှိနေလားမသိ ကူးနေလားမသိနဲ့မို့ ကျွန်မတို့အနုပညာအဖွဲ့သားတွေရော မြန်မာပြည်သူပြည်သားတွေရော အများအပြားအဆုံးရှုံးမခံချင်လို့ ပြောနေတာပါနော်စေတနာနဲ့ပြောတာကို နားလည်ပေးပါ "ဆိုပြီးသူမရဲ့ လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။

source: thandar bo ' s facebook account 

photo credit : thandar bo ' s facebook account
photo credit : thandar bo ' s facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။