ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချောတစ်လက်ဖြစ်တဲ့ လင်းဇာနည်ဇော်ကတော့ ဟိုးအရင်ကတည်းကနေယနေ့အချိန်ထိ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတာဖြစ်ပါတယ်။လင်းဇာနည်ဇော်ရဲ့ သမီးချောလေး မြူလင်းကိုကိုကလည်း အသက်(၂၂)ကျော်အရွယ်ကိုရောက်ရှိနေပြီဖြစ်လို့ မေမေ့အတွက် အားကိုးအားထားပြုလို့ရနေပြီဖြစ်တဲ့ သမီးအလိမ္မာလေးပါနော်။

Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account

မြူလင်းကိုကိုက ဩစတေးလျမှာလည်း ပညာတွေများစွာကို နှစ်တွေအကြာကြီးသင်ကြားလာခဲ့တာဖြစ်ပါတယ်။မေမေ့ရဲ့သွေးအပြည့်ပါတာကြောင့် မြူလင်းလေးက အနုပညာကိုလည်း ဝါသနာပါနေတာပါနော်။ပြန်ရောက်နေတဲ့အချိန်လေးမှာ မြူလင်းကိုကိုက မေမေလင်းဇာနည်ဇော်နဲ့အတူ ပွဲအခမ်းအနားတွေကို အတူတူတက်ရောက်ပြီး သားအမိနှစ်ယောက် သွားအတူ လာအတူနဲ့အဖော်ရနေကြတာဖြစ်ပါတယ်။

Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account

လက်ရှိမှာဆိုရင်တော့ Covid19 ကူးစက်ရောဂါရဲ့‌အခြေအနေကြောင့် လူအများအပြားက အိမ်ထဲမှာပဲနေထိုင်နေကြတာဖြစ်ပါတယ်။လင်းဇာနည်ဇော်တို့မိသားစုကလည်း အပြင်မထွက်ဘဲ အိမ်ထဲမှာပဲနေထိုင်နေကြကာ အခုဆိုရင်တော့ အမေနဲ့အစ်ကိုအတွက် လိုအပ်တဲ့ဆေးလေးတွေကို သားအမိနှစ်ယောက်က အပြေးလေးသွားဝယ်ကြတဲ့ပုံလေးကို မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account

Source&Photo Credit:Lin Zarni Zaw's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။