ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်ဆယ်လီတွေရဲ့ ရင်သွေးလေးတွေထဲမှာ သရုပ်ဆောင် မင်းသမီးချောမိုးယုစံရဲ့ သားချောလေး ကောင်းသိင်္ခမိုးသူလေးကလည်း အားလုံးရဲ့ အသည်းကျော်လေးပါပဲ..။

မင်းသမီးချောမိုးယုစံကတော့ အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်လျှောက်လှမ်းနေသလို ချစ်ခင်ပွန်းအပြင် ချစ်စရာကောင်းလွန်းတဲ့ သားသားလေးနဲ့အတူ ကြည်နူးပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေတာလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Moe Yu San's FB Account
Photo Credit - Moe Yu San's FB Account
Photo Credit - Kaung Theinkha Moe Thu's FB Account

ပရိသတ်တွေကလည်း မိုးယုလေးကို ချစ်ခင်အားပေးကြသလို ချစ်စရာကောင်းပြီး လည်လွန်းတတက်လွန်းတဲ့ မိုးယုရဲ့ သားလေး ကောင်းသိင်္ခမိုးသူလေးကိုလည်း အားလုံးက တခဲနက်ချစ်ခင်အားပေးနေကြတာကိုလည်း ပရိသတ်တွေမြင်တွေ့ရမှာပါနော်..။

အခုတစ်ခါမှာလည်ယ ပြည်သူတွေတော်တော်များများ Covid-19 ဗိုင်းရပ်စ်ရောဂါကြောင့် အိမ်မှာပဲအတက်နိုင်ဆုံးနေနေကြသလို မိုးယုတို့ မိသားစုလေးကလည်း အိမ်မှာနေရင်း အပြင်မထွက်ဘဲ အိမ်ထဲမှာ စက်ဘီးပတ်စီးနေတဲ့ သားလေးရဲ့ ချစ်စရာပုံရိပ်လေးတွေကိုလည်း မျှဝေလာပါတယ်နော်..။

Photo Credit - Kaung Theinkha Moe Thu's FB Account
Photo Credit - Kaung Theinkha Moe Thu's FB Account
Photo Credit - Kaung Theinkha Moe Thu's FB Account

(၂)နှစ်ကျော် အရွယ်လေးနဲ့ စက်ဘီးကို ကျွမ်းကျွမ်းကျင်ကျင် စီးတတ်နေပြီဖြစ်တဲ့ သားလေးရဲ့ ချစ်စရာလှုပ်ရှားမှုပုံရိပ်လေးတွေကြောင့် မေမေမိုးယုတသ်ယောက် အချစ်ပိုနေရသလို ပရိသတ်တွေလည်း သဘောကျနေကြဦးမှာပါနော်..။

စက်ဘီးစီးရင်း ပျော်နေတဲ့ သားလေးရဲ့ ပုံလေးတွေကို "သားသားတွက် စက်ဘီးဝယ်တုန်းက ကြီးသေးတယ်ထင်တာ ခုတော့ကွယ် ကွက်စတိပဲ ၂နှစ်ခွဲလေးက.." ဆိုပြီး အိမ်မှာနေရင်း စက်ဘီးပတ်စီးနေတဲ့ သားသားလေးရဲ့ ချစ်စရာပုံရိပ်လေးတွေကို မေမေမိုးယုစံက ချစ်ပရိသတ်တွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Kaung Theinkha Moe Thu's FB Account
Photo Credit - Kaung Theinkha Moe Thu's FB Account
Photo Credit - Kaung Theinkha Moe Thu's FB Account

Source & Photo Credit - Kaung Theinkha Moe Thu's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။