ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်လွှားရှိ ထူးခြားဆန်းပြား အားကစားနည်းတွေထဲကမှ တစ်ခုဖြစ်တဲ့ အလှပြ စက်ဘီးစီးတဲ့ အားကစား အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာပါ။ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ သတိမမေ့ပါနဲ့ဦးနော်။

photo credit pngtree

ဂျာမနီနိုင်ငံမှာ လူကြိုက်များတဲ့ အလှပြစက်ဘီးစီး အားကစားနည်းကို ၁၉၅၀ ပြည့်နှစ်တွင် တီထွင်ခဲ့တာ ဖြစ်ပါတယ်။ ထိုအားကစားနည်းကို ရေခဲပြင်အလှပြ စကိတ်စီး နင်းကြသူများနှင့် အလှပြ ကျွမ်းဘားကစားနည်းများနှင့် နှိုင်းယှဉ်နိုင်သော်လည်း စက်ဘီးစီးကြသူများဟာ ပြိုင်ပွဲတစ်လျောက်လုံးတွင် စက်ဘီးစီးနင်းလျက် အလှပြကြရတာ ဖြစ်ပါတယ်။

photo credit pngtree

စက်ဘီးစီးနင်းတာနှင့် အက၊ ကျွမ်းဘားတို့ကို ပေါင်းစပ်ထားတဲ့ ထိုအားကစားနည်းကို ပြိုင်ပွဲဝင်သူများဟာ တစ်ဦးချင်းဖြစ်စေ၊ အတွဲလိုက်ဖြစ်စေ ငါးမိနစ်ကြာ ယှဉ်ပြိုင်ကြရတာ ဖြစ်ပါတယ်။ ပြိုင်ပွဲ ဒိုင်များက အားကစားသမားများရဲ့ ယှဉ်ပြိုင်တင်ဆက်မှု အရည်အချင်းကို အမှတ်ပေးကာ ဆုချီးမြှင့်တာ ဖြစ်ပါတယ်။ကမ္ဘာ့ အလှပြ စက်ဘီးစီးပြိုင်ပွဲကို ၁၉၅၅ ခုနှစ်တွင် ပထမဆုံး တရားဝင် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။