ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ရှေးခေတ် လက်ပတ်နာရီ သမိုင်းအကြောင်းကို ပုံရိပ်တွေနဲ့တကွ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှု၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ သတိမမေ့ပါနဲ့ဦးနော်။

photo credit pngtree

လက်ပတ်နာရီများအား ၁၄ ရာစုတွင် စတင်ပေါ်ပေါက်ခဲ့တဲ့ စပရိန်အားဖြင့် သွားသော နာရီ စနစ်ကို အခြေခံပြီး ၁၇ ရာစုတွင် တီထွင်ခဲ့ကြတာ ဖြစ်ပါတယ်။ တီထွင်မှု သမိုင်းမှာ နာရီဟာ အချိန်ကိုပြသော စက်ပစ္စည်းတစ်ခုသာဖြစ်ပြီး စပရိန်တွန်းကန်အားကိုယူ၍ လက်တံများကို လည်ပတ်စေတဲ့ ပစ္စည်းတစ်ခုသာ ဖြစ်ပါတယ်။

photo credit pngtree

၁၉၆၀ ပြည့်နှစ်တွင် သလင်းကျောက်ကို အသုံးပြုတဲ့ ကွာ့ဇ်နာရီများကို တီထွင်နိုင်ခဲ့ကာ ဘက်ထရီကို အသုံးပြု၍ သလင်းကျောက်ကို တုန်ခါစေခြင်းဖြင့် အချိန်ကိုပြနိုင်ရန် ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကွာ့ဇ်နာရီများဟာ ၁၉၈၀ ပြည့်နှစ်တွင် ကမ္ဘာ့နာရီ ဈေးကွက်အများစုကို လွှမ်းခြုံနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ အချိန်ကို သိရှိရန် တန်ဖိုးမများတဲ့ ကွာ့ဇ် လက်ပတ် နာရီများကို အများဆုံး ဝတ်ဆင်ကြတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။