ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ "Black Knight Satellite" အမဲရောင် ဂြိုလ်တု အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ်မှတ်သား သိရှိရအောင် ရေးသားဖော်ပြပေးသွားမှာပါ။ လူသားတွေဟာ ယနေ့အချိန်အထိ ဂြိုလ်တုပေါင်း ၃၀၀၀ခန့်ကို ကမ္ဘာပတ်လမ်းကြောင်းထဲသို့ လွှတ်တင်ခဲ့ပြီးပြီ ဖြစ်ပါတယ်။ ၁၉၅၇ ခုနှစ်မှာတော့ ရုရှားက ကမ္ဘာ့ ပထမဆုံး ဂြိုလ်တုကို လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။ များသောအားဖြင့် ဂြိုလ်တုတွေမှာ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများကို တက်ဆင်ထားတဲ့အတွက် နေရောင်ခြည်ဖြင့် ထိတွေ့လျှင် ရောင်ပြန်ဟပ်တာကို အခန့်မသင့်ရင် ကမ္ဘာပေါ်က တွေ့ရနိုင်တာ ဖြစ်ပါတယ်။

photo credit pngtree

သို့သော် နေရောင်ခြည်အောက်တွင် ရောင်ပြန်ဟပ်ခြင်း မရှိသလို လူသားတွေ လွှတ်တင် ထားခြင်း မဟုတ်တဲ့ 'ဓား' ပုံ ဂြိုလ်တုတစ်လုံးဟာ ကမ္ဘာ ပတ်လမ်းကြောင်းထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀၀၀ ခန့် ကတည်းက (Polar orbit ) ဝန်ရိုးစွန်း တစ်ခုမှ နောက်ဝန်ရိုးစွန်း တစ်ခုသို့ တိတ်တိတ်လေး လှည့်ပါတ်သွားလာနေတာကို သိပ်မကြာမီ အချိန်ကာလတုန်းက အာကာသ ယာဉ်မှုးတို့ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

photo credit pngtree

ထိုဂြိုလ်တုဟာ တစ်ခါတစ်ရံ ခရမ်းရောင်မီးများ ပန်းလွှတ်တက်တာ ဖြစ်ပါတယ်။ အမေရိကန် နှင့် ကမ္ဘာ တစ်ဝှမ်းနိုင်ငံတွေ ဘယ်သူမှ မပိုင်တဲ့ ဂြိုလ်တုဟာ ကမ္ဘာတစ်ခုလုံးကို ထောက်လှမ်း နိုင်တဲ့ Polar orbitတွင်သာ ဘာ့ကြောင့် ပတ်နေသလဲ ဆိုတာကိုတော့ ဘယ်သူမှ မသိရှိနိုင်ခဲ့ပါဘူး။

source သံ ဇဉ် မိုးဇတ်

photo credit pngtree 

photo credit Once A Glance Page

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။