ဥရောပထိပ်ဆုံးလိဂ်၆ခုက ဂိုးသွင်းအများဆုံး ကစားသမားများနဲ့ သူတို့ရဲ့အသင်းတွေ အဆင့်ဘယ်လောက်ရခဲ့သလဲဆိုတာ ဖော်ပြလိုက်ပါတယ်။ထူးဆန်းတာ တစ်ခုကတော့ သူတို့၆ယောက်လုံးရဲ့ အသင်းတွေက သက်ဆိုင်ရာလိဂ်တွေမှာ ဗိုလ်မဆွဲခဲ့ကြတာပါ။ဒါဆိုရင် ဂိုးများများသွင်းတဲ့ကစားသမားတွေရှိတိုင်းဗိုလ်မဆွဲနိုင်တော့ဘူးလားဆိုတာ စဉ်းစားစရာတွေပါပဲ။

ပရီးမီးယားလိဂ်မှာတော့ တော့တီဟမ်စပါးအသင်းရဲ့ နာမည်ကျော်လူငယ်တိုက်စစ်မှူး ဟာရီကိန်းက ဂိုး၂၉သွင်းနိုင်ခဲ့ကာ စပါးအသင်းက အဆင့်၂ရခဲ့ပါတယ်။ကမ႓ာကျော်တိုက်စစ်မှူး မက်ဆီကတော့ ဥရောပမှာ လိဂ်ဂိုးအများဆုံးအဖြစ် ၃ရဂိုး သွင်းယူထားနိုင်ခဲ့ပေမယ့် ဘာစီလိုနာကတော့ အဆင့် ၂ဖြစ်သာကျေနပ်ခဲ့ရပါတယ်။ဒေါ့မွန်ရဲ့တိုက်စစ်မှူး အောဘာမီယန်က ၃၁ဂိုးသွင်းကာ ဒေါ့မွန်ကို ဘွန်ဒက်လီဂါ အဆင့်၃ရအောင်ကူညီထားပါတယ်။

ဒီဇီကိုက ရိုးမားအတွက် ၂၉ဂိုးသွင်းပေးထားပြီးတော့ ရိုးမားအသင်းက စီးရီးအေမှာ အဆင့်၂ရရှိထားပါတယ်။ပြင်သစ်လီဂူးဝမ်းမှာတော့ ကာဗာနီက PSGအတွက် ၃၅ဂိုးသွင်းယူပေးထားကာ PSGအသင်းက အဆင့်၂ရရှိခဲ့ပါတယ်။နောက်ဆုံးတစ်ယောက်ကတော့ ပေါ်တူဂီလိဂ်မှာ စပို့တင်းကလပ် တိုက်စစ်မှူး ဘတ်ဒေါ့စ်က၃၄ဂိုးသွင်းယူထားပြီး စပို့တင်းကလပ် အနေနဲ့ အဆင့်၃ရရှိခဲ့ပါတယ်။

Source-Bleacher Report UK

Hein  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။