ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းကတော့ သူတို့်ရဲ့သက်တမ်းရှည် ၀ါရင့်နည်းပြကြီး အာစင်ဝင်းဂါးကို ၂နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုက်ပါတယ်။အာဆင်နယ်အသင်းက ရာသီအစမှာ ရလဒ်ကောင်းတွေရယူနိုင်ခဲ့ပေမယ့်လည်း ထုံးစံအတိုင်း ရာသီလယ်ကနေစပြီးရလဒ်တွေဆိုးကာ အာစင်ဝင်းဂါးရဲ့အနာဂတ်လဲလှုပ်ခတ်လာပါတယ်။

အဓိက ကစားသမားတွေဖြစ်တဲ့ အိုဇေးနဲ့ဆန်းချက်တို့နဲ့လဲ လစာကိစ္စအဆင်မပြေဖြစ်ကာ အသင်းရဲ့ခြေစွမ်းမှာလဲ ရာသီဆုံးခါနီးလေ ခြေပိုကျလေဖြစ်လာသည်။ပရီးမီးယားလိဂ်တွင်လည်း ချယ်ဆီး၊စပါး၊မန်စီးတီး၊လီဗာပူးတို့၏နောက် အဆင့်၅သာ ရယူနိုင်ခဲ့သည်။ရလဒ်အနေနဲ့ ၁၉နှစ်ဆက်တိုက်ဝင်ခဲ့သော ချန်ပီယံလိဂ်နဲ့ဝေးခဲ့ကာ ယူရိုပါလိဂ်ဝင်ခွင့်နဲ့သာကျေနပ်ခဲ့ရသည်။

သို့သော် ရာသီပိတ်တွင် အာစင်ဝင်းဂါးအနေနဲ့ FA ဖလားဗိုလ်လုပွဲတွင် EPL ချန်ပီယံ ချယ်ဆီးအသင်းကို ခြေအသာဖြင့်ကစားကာ ၂-၁ ဂိုးရလဒ်ဖြင့် အနိုင်ယူပြီး FA ဖလားကို စံချိန်တင် ၁၃ ခါဖြင့် အာဆင်နယ်အသင်းဆွတ်ခူးနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။အာဆင်နယ်အသင်းပိုင်ရှင် စတမ်ခရိုကီက အာစင်ဝင်းဂါးကို ဆက်ခန့်အပ်ခြင်းကသာ အာဆင်နယ်အသင်း အမှတ်ပေးဖလားနဲ့ဥရောပဖလားများရနိုင်ရန် အကောင်းဆုံးဖြစ်ကြောင်းပြောကြားခဲ့သည်။

Source-The Daily Mail

Hein 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။