ပရိသတ်ကြီးရေ သရုပ်ဆောင်မင်းသားကြီး ဦးကျော်သူ ကတော့ ဆယ်စုနှစ်လောက်ကနေ ယနေ့အချိန်ထိ အောင်မြင်တွေရရှိနေတာဖြစ်ပါတယ်။ အနုပညာအလုပ်တွေအပြင် လူမှုရေးအကြိုးပြု လုပ်ငန်းတွေမှာ ကိုယ်တိုင်ပါဝင်လုပ်ကိုင်ပေးနေတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ဘာသာရေးကို အထူးလိုက်စားသူဖြစ်သလို သူတစ်ပါးပေါ်မှာလည်း အမြဲကူးညီတက်တာကို တွေ့ရပါတယ်နော်...။

Photo Credit - Kyaw Thu Facebook Page
Photo Credit - Kyaw Thu Facebook Page

ကူးစက်ပြန့်ပွားနေတဲ့ COVID-19 ရောဂါ ကြောင့် အိမ်ထဲမှာ နေထိုင်စဉ် အမည်မသိ ဌက်တစ်ကောင်းက လာရောက်နားခိုပြီး ဥလေးတစ်လုံး ဥ ခဲ့တာလေးကို ဦးကျော်သူ က ပုံလေးတွေနှင်တကွ တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးတွေနဲ့ ဦကျော်သူက "COVID 19 ဗိုင်းရက်စ်ပိုးကြောင့် အားလုံးသတိနဲ့နေအိမ်များတွင်နေထိုင်ကြစဉ် ကျွန်တော်က အသင်းကိုမနက်ပိုင်းသွားရောက်စဉ် မိမိနေအိမ်ရိ ကျွန်တော်နေ့စဉ် အနားယူထိုင်၍စာဖတ်နေသည့် ရေကူးကန်ဘေးရှိ စားပွဲထိုင်ခုံအောက်တွင် အမည်မသိဌက်တစ်ကောင်မှ လာရောက်နား၍ ဥတစ်လုံးဥခဲ့လေပြီ။

Photo Credit - Kyaw Thu Facebook Page
Photo Credit - Kyaw Thu Facebook Page

ယင်းထိုင်ခုံပေါ်ရှိ မျက်နှာကျက်ပန်ကာတွင်လည်း စာကလေးများမကြာခဏလာရောက် အသိုက်ဆောက်၍လာရောက်ဥလေ့ရှိတာကြောင့်ယင်းပန်ကာတစ်လုံးအားမဖွင့်ရသည်မှာ ကြာမြင့်လှပြီဖြစ်ပြီး မီးခုလုတ်အား တိတ်ဖြင့်ကပ်ထားရတယ်..ယောင်၍ဖွင့်မိလျင် စာကလေးအသိုက်ပျက်သွားမည်စိုးလှတယ်..." ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာဖော်ပြပေးထားပါသေးတယ်။ ကောင်းခြင်းမင်္ဂလာ တစ်ပါးဖြစ်တာကြောင့် ပရိသတ်တွေလေး ဒီပုံလေးတွေကို တစ်ခုခု ပြောခဲ့ပေးပါဦးနော်..။

Photo Credit - Kyaw Thu Facebook Page

Source - Kyaw Thu Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။