ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော်အနုပညာရှင်ဆယ်လီတွေထဲမှာ မော်လ်ဒယ်သရုပ်ဆောင်မင်းသားချောလေး သူရိယကလည်း အပါအဝင်ပါပဲ..။

အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ နေရာတစ်ခုရရှိထားတဲ့ သူရိယကတော့ ကြော်ငြာတွေရိုက်ကူးကာ အခမ်းအနားပွဲတွေကိုလည်း တက်ရောက်ဖြစ်နေသလို ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူးနေသူလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Thu Riya's FB Account
Photo Credit - Thu Riya's FB Account

တည်ကြည်ခန့်ညားပြီး ယောကျ်ားပီသကာ ဆွဲဆောင်မှုရှိတဲ့ဟန်ပန်ပုံရိပ်လေးတွေကြောင့် မိန်းကလေးပရိသတ်တွေက တခဲနက်အားပေးချစ်ခင်ကြပြီးငယ်စဉ်ကတည်းက အနုပညာအလုပ်တွေကို လုပ်ဆောင်သူမို့လည်း ပရိသတ်တွေနဲ့ ရင်းနှီးချစ်ခင်ပြီးသား မင်းသားချောလည်း ဖြစ်ပါတယ်နော်..။

အနုပညာအလုပ်တွေကို နည်းပါးသွားခဲ့ပြီး မကြာခင်ကမှ ပြန်လည်လုပ်ဆောင်မှုတွေ တွေ့ရတဲ့ သူရိယကတော့ ကျရာဇာတ်ရုပ်တွေကို ပီပြင်ပိုင်နိုင်မှုတွေကြောင့်လည်း ပရိသတ်တွေက သဘောကျနေကြပြီးအားပေးချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်..။

Photo Credit - Thu Riya's FB Account
Photo Credit - Thu Riya's FB Account

သူ့ရဲ့အနုပညာလှုပ်ရှားမှုလေးတွေကို အမြဲမျှဝေလေ့ရှိတဲ့ သူရိယကတော့ အခုတစ်ခါမှာလည်း ကလေးစီးဖို့ဆိုပြီး ကလေးကစားစရာကို ကိုယ်တိုင်စီးရင်း ကလေးတစ်ယောက်လို ပျော်နေတဲ့ သူ့ရဲ့ပုံရိပ်လေးတွေကို မျှဝေလာပါတယ်နော်..။

"ကလေးစီးဖို့.." ဆိုပြီး သူရိယက သူ့ရဲ့ fb စာမျက်နှာမှာ အမှတ်တရမျှဝေထားတာမို့ ပရိသတ်တွေကလည်း သဘောကျစွာ စနောက်နေကြတာလည်း အားလုံးတွေ့မြင်ရမှာပါနော်..။

Photo Credit - Thu Riya's FB Account
Photo Credit - Thu Riya's FB Account

Source & Photo Credit - Thu Riya's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။