ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားပြီး အချိုးအစားကျတဲ့ ညို့အားပြင်းပြင်း ခန္ဓာကောက်ကြောက်းအလှတွေကြောင့် ပုရိသပရိသတ်တွေကြား အမြဲရေပန်းစားနေသူကတော် Sexy မော်လ်ဒယ် ဇာဇာထက်ပဲ ဖြစ်ပါတယ်နော်..။

အောင်မြင်မှုတွေနဲ့ အနုပညာလောကမှာ ဆယ်စုနှစ်တွေကတည်းက ရပ်တည်လာနဲ့ ဇာဇာထက်ကတော့ သူမရဲ့ အလုပ်နဲ့အနုပညာအပေါ်ကို နှစ်သက်သဘောကျသူလည်း ဖြစ်ပြီး ပွင့်လင်းတဲ့စကားပြောဟန်တွေကြောင့်လည်း ပရိသတ်တွေက အမြဲအားပေးချစ်ခင်နေကြတာပါနော်..။

Photo Credit - Zar Htet's FB Account
Photo Credit - Zar Htet's FB Account

ဇာဇာထက်ကတော့ အခုတစ်ခါမှာလည်း Covid-19 ရောဂါဆိုးကြောင့် ပြည်သူပရိသတ်တွေတော်တော်များများ အိမ်မှာနေတဲ့ အတော်အတွင်း ပရိသတ်တွေ ကျန်းမာရေးဂရုစိုက်ကြဖို့ မှာရင်း စားရေးသောက်ရေးတွေလည့း အဆင်ပြေကြစေဖို့ ဆုတောင်းစကားလေး ဆိုလိုက်ပါတယ်..။

အိမ်မှာနေကြရတဲ့အချိန်လေးမှာ လူချင်းမတွေ့ရပေမယ့် နှလုံးသားချင်းနီတယ်ဆိုရင် ပြန်ဆုံမယ့် အချိန်တွေအတွက် စောင့်ရကျိုးနပ်ပါတယ်ဆိုပြီးတော့လည်း ချစ်ရသူတွေကို စကားလေး ပါးလိုက်ပြန်ပါသေးတယ်နော်..။

Photo Credit - Zar Htet's FB Account
Photo Credit - Zar Htet's FB Account

အိမ်မှာရေးနေရင်း အပြင်းပြေလေးဓာတ်ဖမ်းရင်း ဆွဲဆောင်မှုရှိတဲ့ သူမရဲ့ကောက်ကြောင်းအလှတွေကို အထင်းသားပေါ်လွင်စေတဲ့ အမိုက်စားပုံရိပ်လေးတွေကို မျှဝေရင်း အခုလို ချစ်စဖွယ်စကားလေး ဆိုထားတာပဲ ဖြစ်ပါတယ်နော်..။

"တစ်မြို့ထဲမှာနေပြီး တစ်ရေတည်းကိုပဲ အတူတူသုံးကြတယ်။

တမြို့ထဲသိပ်မဝေးကြတဲ့ခရီးက ခုတော့ အခြားကမ္ဘာမှာလို၊

လူချင်းမတွေ့ကြပေမယ့် နှလုံးသားတွေနီးတယ်ဆိုရင်

ပြန်ဆုံရမယ့်အချိန်တွေအတွက် စောင့်ရကျိုးနပ်ပါတယ်။

အိမ်အပြင်မထွက်ကြတာသိရုံနဲ့ ဒီလူမှာ ပီတိဖြစ်လို့...

ရာသီဥတုဒဏ်၊ ရောဂါဘယဘေး ကင်းဝေးကြပါစေလို့ ဆုတောင်းမေတ္တာပို့ရင်း....

စားရေးသောက်ရေး အဆင်ပြေကြပြီး ကျန်းမာရေးဂရုစိုက်ကြဖို့ အတန်တန်မှာရင်း....ဆုတောင်းရင်း......" ဆိုပြီး ဇာဇာထက်က ရေးသား ပြောပြထားတာပါ..။

Photo Credit - Zar Htet's FB Account
Photo Credit - Zar Htet's FB Account

Source & Photo Credit - Zar Htet's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။