Photo credit - liquipedia

EHOME အသင်းရဲ့ လက်ရှိ po 5 player y' (innocence) ရဲ့နာမည်အရင်းကတော့ Zhang Yiping ဖြစ်ပြီး သူဟာတရုတ်နိုင်ငံသား တစ်ဦးပဲဖြစ်ပါတယ်။

Birth date ကတော့ 1998 ခုနှစ် 8 လပိုင်း 8 ရက်နေ့ဖြစ်တာကြောင့် နောက် လေးလကျော်ကျော်လောက်ဆိုရင် y' ဟာအသက် ၂၂ နှစ်ပြည့်တော့မှာပဲ ဖြစ်ပါတယ်။

y' dota2 pro scene ပေါ်ရောက်လာတာကတော့ 2014 ခုနှစ် 3 လပိုင်းလောက်ကဖြစ်ပြီး ပထမဆုံးစတင်ကစားခဲ့တဲ့ team ကတော့ Speed Gaming.cn ပဲဖြစ်ပါတယ်။

2014 ခုနှစ် 8 လပိုင်းမှာတော့ y' ဟာ Wings Gaming ကိုရောက်ရှိလာခဲ့ပြီး 2017 ခုနှစ် 4 လပိုင်း 19 ရက်နေ့မှာ Wings Gaming က disband ပြုလုပ်လဲ့တာကြောင့် Wings Gaming နဲ့အတူ Team Random ဆိုတဲ့အသင်းသစ်ကို ဖွဲ့စည်းပီးကစားခဲ့ပါတယ်။

သို့ပေမယ့်လည်း 2017 ခုနှစ် 4 လပိုင်း 19 ရက်နေ့မှာ ဖွဲ့စည်းခဲ့တဲ့ Team Random ဟာ အချိန်တလကျော်လောက်သာ active ဖြစ်ခဲ့ပြီး 2017 ခုနှစ် 5 လပိုင်း 23 ရက်နေ့မှာ disband ပြုလုပ်ခဲ့ပါတယ်။

disband ပြုလုပ်ပီးပီးချင်းမှာတော့ y' ဟာ EHOME ကိုပြောင်းရွှေ့ခဲ့ပြီး ဒီနေ့ထက်ထိ EHOME မှာကစားနေဆဲပဲ ဖြစ်ပါတယ်။

Source - liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။