Photo credit - liquipedia

လက်ရှိ PSG.LGD အသင်းမှာ offlaner အနေနဲ့ကစားနေတဲ့ Old eLeVeN ရဲ့နာမည်အရင်းကတော့ Ten Wangwei ဖြစ်ပြီး သူဟာတရုတ်နိုင်ငံသားတဦးပဲဖြစ်ပါတယ်။

Birth date ကတော့ 1995 ခုနှစ် 12 လပိုင်း 7 ရက်နေ့ဖြစ်တာကြောင့် ole eLeVeN ဟာလက်ရှိမှာ အသက် 24 နှစ်ကျော်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။

ပထမဆုံးဝင်​ရောက် ကစားခဲ့တဲ့ dota 2 team ကတော့ Subvert ဖြစ်ပြီး 2013 ခုနှစ် 10 လပိုင်းလောက်မှာစတင်ကစားခဲ့တာပဲဖြစ်ပါတယ်။

2014 ခုနှစ် 6 လပိုင်းမှာတော့ U5 ကိုပြောင်းရွှေ့ခဲ့ပြီး 2014 ခုနှစ် 11 လပိုင်းမှာ Immortal Magneto Gaming ကိုပြောင်းရွှေ့ခဲ့ပါတယ်။

၄င်းအသင်းမှာတော့ old eLeVeN ဟာ 2015 ခုနှစ် 3 လပိုင်းအထိကစားခဲ့ပြီးနောက် EHOME.K ကိုပြောင်းရွှေ့ခဲ့ပါတယ်။

2015 ခုနှစ် 9 လပိုင်းမှာတော့ old eLeVeN ဟာ EHOME ကိုရောက်ရှိလာခဲ့ပြီး 2017 ခုနှစ် 3 လပိုင်း 24 ရက်နေ့မှာ EHOME ကနေ inactive လုပ်ပီး LGD.Gaming မှာ အငှားအနေနဲ့သွားရောက် ကစားခဲ့ပါတယ်။

2017 ခုနှစ် 9 လပိုင်း 4 ရက်နေ့မှာတော့ old eLeVeN ဟာ LDG.Gaming ကနေထွက်ခွာပြီး Vici Gaming ကို အငှားအနေနဲ့ပဲ သွားရောက်ကစားခဲ့ပါတယ်။

Vici Gaming မှာတနှစ်လောက်ကစားပြီးတဲ့အချိန် 2018 ခုနှစ် 9လပိုင်း 10 ရက်နေ့မှာတော့ old eLeVeN ဟာ Keen Gaming ကိုအငှားအနေနဲ့ပဲ သွားရောက်ကစားခဲ့ပါတယ်။

၄င်းအသင်းမှာ တနှစ်လောက်ကစားပြီးတဲ့အချိန် 2019 ခုနှစ် 9 လပိုင်း 14 ရက်နေ့မှာတော့ old eLeVeN ဟာ Keen Gaming ကနေထွက်ခွာခဲ့ပြီး 26 ရက်နေ့မှာ Revive ကိုပြောင်းရွှေ့ခဲ့ပါတယ်။

Revive မှာတော့ old eLeVeN ဟာ 4 လလောက်သာကစားခဲ့ပြီး 2020 ခုနှစ် 3 လပိုင်း 20 ရက်နေ့မှာ PSG.LGD ကိုအငှားအနေနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ယနေ့ထက်ထိ PSG.LGD မှာကစားနေဆဲပဲဖြစ်ပါတယ်။

Source - liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။