ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်လွှားရှိ ကြောက်မက်ဖွယ်ကောင်းသော နေရာတွေထဲကမှ တစ်ခုဖြစ်တဲ့ ဘယ်ဂျီယံက နျူကလီးယားထုတ်တဲ့ စက်ရုံကြီးအကြောင်းကို တင်ဆက်ပေးသွားမှာပါ။ ထိုအဆောက်အအုံကြီးက သွားလာလှည့်ပတ်ဖို့ ကန့်သတ်တားမြစ်ထားတဲ့ စက်ရုံဟောင်းကြီးပဲ ဖြစ်ပါတယ်။

photo credit pngtree

ထိုသွားလာဖို့ ကန့်သတ်ထားတဲ့ နေရာကြီးက ဘယ်ဂျီယံမှ နျူကလီးယားထုတ်တဲ့ စက်ရုံဟောင်းကြီးပဲ ဖြစ်ပါတယ်။ ထိုအဆောက်အအုံကြီး တည်ဆောက်ပြီး သိပ်မကြာခင် အချိန်တွင်းမှာပဲ ယို့ယွင်းပျက်စီးမှုများ ရှိလာတာကြောင့် စမ်းသပ်ကြည့်ရာတွင်ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့တွေ ထွက်နေတာပဲဖြစ်ပါတယ်။

photo credit pngtree

အဲ့လို ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေ ထွက်နေတာကြောင့် လေထု ညစ်ညမ်းမှုကို စိုးရိမ်ရတဲ့အတွက် ၂၀၀၇ ခုနှစ်မှာ အပြီးပိတ်ခဲ့ပါတယ်။ ဒါ့အပြင် လူနှင့် သက်ရှိသတ္တဝါတွေအတွက် အန္တရာယ်အလွန်များတဲ့ ရေဒီယို သတ္တိကြွ ဓာတ်ငွေ့တွေ ယိုစိမ့်နေတာကို စမ်းသပ်တွေ့ရှိရတာကြောင့် လူတွေအားလုံး စွန့်ခွာ ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။ နောက်ပြီး ထို Nuclear Power plant မှ ရေအေးပေးစနစ်ဟာ တစ်မိနစ်တွင် ရေဂါလံပေါင်း 480000 သုံးစွဲရတယ်လို့ သိရပါတယ်။ အခုအချိန်မှာတော့ ဟောင်းနွမ်းပျက်စီးနေပြီး အသွားအလာ ကန့်သတ်ထားသော ကြောက်မက်ဖွယ် နေရာကြီးအဖြစ် တည်ရှိနေပါတယ်။

source သံ ဇဉ် မိုးဇတ်

photo credit pngtree

photo credit သံ ဇဉ် မိုးဇတ်

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။