Photo credit - Liquipedia

လက်ရှိ Quincy Crew ရဲ့ sup player Biver ရဲ့နာမည်အရင်းကတော့ Malthe Winther ဖြစ်ပြီး သူဟာ Denmark နိုင်ငံသားတစ်ဦးပဲဖြစ်ပါတယ်။

Birth date ကတော့ 1999 ခုနှစ် 11 လပိုင်း 26 ရက်နေ့​ဖြစ်တာကြောင့် Biver ဟာလက်ရှိမှာ အသက် 21 နှစ်ကျော်အရွယ် ရှိနေပြီပဲဖြစ်ပါတယ်။

Biver dota2 pro scene ပေါ်ရောက်လာတာကတော့ 2015 ခုနှစ် လောက်ကဖြစ်ပြီး ပထမဆုံးစတင်ကစားခဲ့တဲ့ team ကတော့ Ancient Warriors ပဲဖြစ်ပါတယ်။

2015 ခုနှစ် 8 လပိုင်း 30 ရက်နေ့မှာတော့ Biver ဟာ Princess Jellopy ကို ပြောင်းရွှေ့ခဲ့ပြီး 2015 ခုနှစ် 10 လပိုင်း 23 ရက်နေ့မှာ London Conspiracy ကိုထပ်မံပြောင်းရွှေ့ခဲ့ပါတယ်။

2016 ခုနှစ် 4 လပိုင်း 22 ရက်နေ့မှာတော့ Biver ဟာ LC ကနေပြန်လည်ထွက်ခွာခဲ့ပြီး 3လလောက်အကြာ 2016 ခုနှစ် 7 လပိုင်း 9 ရက်နေ့မှာ Prodota Gaming ကိုပြောင်းရွှေ့ခဲ့ပါတယ်။

2016 ခုနှစ် 12 လပိုင်း 27 ရက်နေ့မှာတော့ Biver ဟာ Natus Vincere ကိုပြောင်းရွှေ့ခဲ့ပြီး 2017 ခုနှစ် 7 လပိုင်း 31 ရက်နေ့မှာ ပြန်လည်ထွက်ခွာခဲ့ပါတယ်။

2017 ခုနှစ် 8 လပိုင်း 31 ရက်နေ့မှာတော့ Biver ဟာ Team Spirit ကိုပြောင်းရွှေ့ကစားခဲ့ပြီး 2019 ခုနှစ် 1 လပိုင်း 27 ရက်နေ့မှာ ပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။

2019 ခုနှစ် 3 လပိုင်း 26 ရက်နေ့မှာတော့ Biver ဟာ Imfamous ကိုပြောင်းရွှေ့ခဲ့ပြီး 2019 ခုနှစ် 6 လပိုင်း 27 ရက်နေ့မှာ ပြန်လည်ထွက်ခွာခဲ့ပါတယ်။

2019 ခုနှစ် 9 လပိုင်း 20 ရက်နေ့မှာတော့ Ninjas in Pyjamas ကိုပြောင်းရွှေ့ခဲ့ပြီး 2020 ခုနှစ် 1 လပိုင်း 31 ရက်နေ့မှာ ပြန်လည်ထွက်ခွာခဲ့ပါတယ်။

2020 ခုနှစ် 2 လပိုင်း 6 ရက်နေ့မှာတော့ Biver ဟာ Chaos EC ကိုပြောင်းရွှေ့ခဲ့ပေမယ့် 2020 ခုနှစ် 3 လပိုင်း 25 ရက်နေ့မှာ Chaos EC က disband ပြုလုပ်ခဲ့တာကြောင့် Biver က လက်ရှိအချိန်မှာ Chaos EC ရဲ့ ex players တွေနဲ့အတူ Quincy Crew မှာ ကစားနေတာပဲဖြစ်ပါတယ်။

Source - Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။