ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ ပြည်သူ့အသည်းကျော် အကယ်ဒမီသရုပ်ဆောင်မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးအဖြစ် ပရိသတ်တွေအားလုံးရဲ့အချစ်တွေကို သိမ်းပိုက်ထားသူပဲ ဖြစ်ပါတယ်နော်..။

ကိုယ်ပိုင်အလှတရားတွေအပြင် ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ ချစ်စရာပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အချစ်ပိုစေတဲ့ ရွှေကစ်လေးကတော့ ယောကျ်ားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေကပါ တခဲနက်အားပေးချစ်ခင်နေကြရသူလေးလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Wutt Hmone Shwe Yi's FB Page
Photo Credit - Wutt Hmone Shwe Yi's FB Page

ပရိသတ်အချစ်တော်လေး ရွှေကစ်ကတော့ လတ်တလောမှာ Covid-19 ကပ်ရောဂါကြောင့် အတက်နိုင်ဆုံးအပြင်မထွက်ဘဲ အိမ်မှာပဲနေကြရတဲ့အချိန်လေးမှာ ခရီးသွားချင်တဲ့ပြည်သူပရိသတ်တွေအတွက် သူမလို လုပ်ဖို့ အကြံပေးစကားလေး ဆိုလိုက်ပါတယ်နော်.။

ခရီးသွားချင်ကြတဲ့ ပရိသတ်တွေကို သူမလိုပဲ အိမ်ထဲမှနေပြီး ခရီးသွားခဲ့တဲ့ အမှတ်တရလေးတွေကို ဝေမျရင်း ခရီးသွားလိုက်ပါဆိုပြီး အကြံပေးစကားလးဆိုကာ ချစ်ရတဲ့ပရိသတ်တွေကို သတိရသလို ကျန်းမာရေးတွေလည်း ဂရုစိုက်ကြဖို့ ရွှေကစ်လေးက ပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - Wutt Hmone Shwe Yi's FB Page
Photo Credit - Wutt Hmone Shwe Yi's FB Page

"ခရီးသွားချင်တဲ့ သူတွေ ကစ်လိုပဲအိမ်ထဲမှာ နေပီး ခရီးသွားလိုက်နော်

သတိရပါတယ် ချစ်တဲ့သူတွေကို

Mind traveling from home

အစစအရာရာဂရုစိုက်နော်.." ဆိုပြီး ရွှေကစ်လေးက အမှတရလေးတွေနဲ့အတူ ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

ကဲ.. ချစ်ရတဲ့ပရိသတ်ကြီးတို့လည်း အိမ်မှာနေရင်း ရွှေကစ်လေးရဲ့ ချစ်စရာပုံရိပ်လေးတွေကို အလွမ်းပြေကြည့်ရင်း သဘောကျနှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..။

Photo Credit - Wutt Hmone Shwe Yi's FB Page
Photo Credit - Wutt Hmone Shwe Yi's FB Page

Source & Photo Credit - Wutt Hmone Shwe Yi's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။